Connect with us

Africa & Middle East

ဆိုမာလီတွင် ဟိုတယ် တိုက်ခိုက်မှု အနည်းဆုံး လူ ၅ ဦး သေဆုံး

ဆိုမာလီ မြို့တော်ရှိ Dayah ဟိုတယ် တိုက်ခိုက်ခံရစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှူး၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဆိုမာလီနိုင်ငံ မြို့တော်ရှိ ဟိုတယ် တစ်ခုတွင် ဇန်နဝါရီလ ၂၅ ရက် အစောပိုင်းက အသေခံ ဗုံးခွဲ တိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Dayah ဟိုတယ်၏ အဓိက ဝင်ပေါက်တွင် ဗုံးတပ်ထားသည့်ကားဖြင့် အသေခံဗုံး ဖောက်ခွဲခဲ့ပြီးနောက် သေနတ်သမားများက Dayah ဟိုတယ်အား အပြင်းအထန် ပစ်ခတ်ခဲ့ကြောင်း မိုဟာမက်အလီဟု အမည်ရသော ရဲအရာရှိ တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“မိနစ်အနည်းငယ်အကြာမှာတော့ တခြား ကားဗုံးတစ်ခု ထပ်မံ ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုတွေ ပိုများလာခဲ့တယ်၊ အနားမှာရှိတဲ့ စားသောက်ဆိုင်ထဲမှာလဲ လူ ၅ ယောက် သေဆုံးခဲ့တယ်၊ အဲဒီ စားသောက်ဆိုင်လဲ ပျက်စီးသွားခဲ့တယ်” ဟု အဆိုပါ အရာရှိက ပြောသည်။

ဒုတိယအကြိမ် ပေါက်ကွဲမှုတွင် နိုင်ငံခြား သတင်းထောက် ငါးဦးလဲ ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းထောက် တစ်ဦးက မြင်တွေ့ခဲ့သည်ဟု ဆိုသည်။

ဆိုမာလီ မြို့တော်ရှိ Dayah ဟိုတယ် အသေခံ ဗုံးခွဲခံရမှုတွင် ဒဏ်ရာရရှိသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ထိုသို့ ဟိုတယ် တိုက်ခိုက်ခံနေရစဉ်တွင် ဟိုတယ်အတွင်း ဥပဒေပြု အမတ်များနှင့် အစိုးရ တာဝန်ရှိသူများ ရှိနေကြောင်း သိရသည်။

ဆိုမာလီ အခြေစိုက် စစ်သွေးကြွအဖွဲ့ ဖြစ်သော Al-Shabaab သည် အစိုးရကို ဖြုတ်ချရန်အတွက် ဆယ်စုနှစ်ကြာအောင် တိုက်ခိုက်နေသည့်အဖွဲ့ ဖြစ်ပြီး ဇန်နဝါရီ်လ ၂၅ ရက် တိုက်ခိုက်မှုအား လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117