Connect with us

Local

သီလဝါ အထူး စီးပွားရေးဇုန် အပိုင်း(ခ) စီမံကိန်း တည်ဆောက်မှု စတင် ဖွင့်လှစ်

သီလ၀ါ အထူး စီးပွားရေးဇုန် အပိုင်း(ခ) စီမံကိန်း တည်ဆောက်မှု စတင်ခြင်း အခမ်းအနားအား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ် နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း(ခ) စီမံကိန်း တည်ဆောက်မှု စတင်ခြင်း အခမ်းအနားအား ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း(ခ) စီမံကိန်းသည် လက်ရှိ ၄၀၅ ဟက်တာ(ဧက ၁၀၀၀)ပေါ်ရှိ သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း(က) ကို တောင်ဘက်ခြမ်းသို့ ထပ်မံချဲ့ထွင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ယခု တိုးချဲ့လိုက်သည့် သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း(ခ)၏ ပထမအဆင့် ဟက်တာ(ဧက ၂၅၀)ကို ၂၀၁၈ ခုနှစ် နှစ်လည်ပိုင်းတွင် ဆောက်လုပ်မှု ပြီးစီးရန် မျှော်မှန်းထားပြီး အချို့သော မြေနေရာများကို ယခုနှစ် နှောင်းပိုင်းလောက်တွင် ရင်းနှီးမြုပ်နှံသူများ ဌားရမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ သီလဝါ အထူး စီးပွားရေးဇုန်မှ တဆင့် လာရောက် ရင်းနှီးမြုပ်နှံမှုမှာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၀၅၅ သန်း ရှိပြီ ဖြစ်ကြောင်း ၊ ယခု ဇုန် အပိုင်း(ခ)ဆောက်လုပ် ပြီးစီးပါက စုစုပေါင်း အလုပ်အကိုင် အခွင့်အလမ်း ၄၀,၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီ ၇၈ ခုအနက် ၂၄ ခုမှာ စတင် လည်ပတ် လုပ်ကိုင်နေပြီး လက်ရှိတွင် ဇုန်(က)တွင် ၉၅ ရာခိုင်နှုန်း အထိ ဌားရမ်းထားပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117