Connect with us

Politics, Law & Military

အဌားယာဉ်မောင်း ဦးနေဝင်းအား ဇန်နဝါရီလ အတွက် ချီးကျူး ဂုဏ်ပြုထိုက်သူ အဖြစ် ရွှေးချယ်

ဇန်န၀ါရီလ အတွက် ချီးကျူး ဂုဏ်ပြုထိုက်သူ အဖြစ် ရွှေးချယ်ခြင်း ခံရသည့် ဦးနေ၀င်း(ခ)ဦးဝင်းလွင်အား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေ အကြံပေး ပုဂ္ဂိုလ် တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီအား အနီးကပ် လုပ်ကြံသတ်ဖြတ်ခဲ့သူအား လိုက်လံ ဖမ်းဆီးရင်း အသက်ဆုံးရှုံးခဲ့ရသည့် အဌားယာဉ်မောင်း ဦးနေဝင်း(ခ)ဦးဝင်းလွင်အား ယခုနှစ် ဇန်နဝါရီလ အတွက် ချီးကျုး ဂုဏ်ပြုထိုက်သူ အဖြစ် ရွှေးချယ်၍ ပြည်သူသို့ကျေးဇူးတင်လွှာအား နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးမှ ယနေ့ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံသူ ၊ နိုင်ငံသားများ အနေဖြင့် ဦးနေဝင်း ကဲ့သို့ပင် ရဲရင့်ခြင်း ၊ စွန့်လွှတ်ခြင်း ၊ တာဝန်သိခြင်းတို့ ပြည့်စုံသော ပြည်သူ တစ်ယောက် အနေဖြင့် မြင့်မြတ်သော လုပ်ဆောင်ချက် ၊ မတရားမှုကို ဆန့်ကျင်မှု တို့ဖြင့် နိုင်ငံသားကောင်း စိတ်ဓာတ် အရင်းခံ၍ အနာဂတ် နိုင်ငံ တည်ဆောက်ရေးတွင် ပူးပေါင်း ပါဝင် ကူညီပေးကြခြင်းဖြင့် အေးချမ်း တည်ငြိမ် လုံခြုံသော လူ့အဖွဲ့အစည်းကို တည်ဆောက်ပေးကြရန် မေတ္တာရပ်ခံလျက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက် လူသတ်သမားအား ဖမ်းဆီးရင်း အသက် ဆုံးရှုံးခဲ့ရသည့် ဦးနေဝင်း(ခ)ဦးဝင်းလွင် အသက် ၄၈ နှစ်သည် အဖ ဦးမောင်မောင် ၊ အမိ ဒေါ်လျူငွေဟောင်(ခ)ဒေါ်မြင့်ရီ တို့၏ တတိယမြောက် သားဖြစ်ပြီး ၊ လမ်းမတော် မြို့နယ်နေ မစန်းရီ နှင့် အိမ်ထောင်ပြုခဲ့ကာ သမီး မပြည့်ပြည့်အား မွေးဖွားခဲ့ပြီး မစန်းရီ နှင့် အိမ်ထောင်ကွဲခဲ့ကြောင်း ၊ ကွယ်လွန်ချိန်တွင် ဒုတိယ ဇနီး ဒေါ်စုသက်ခိုင်နှင့် ၇ နှစ် ၊ ၃ နှစ်ခွဲ နှင့် ၄၅ ရက်သား အရွယ် သားသုံးဦးတို့ ကျန်ရစ်ခဲ့ကြောင်း ၊ ကျန်ရစ်သူ မိသားစုများသည် အမှတ် ၃၀ ၊ မြတောင်ညို ၁ လမ်း ၊ ကြံခင်းစု ရပ်ကွက် ၊ မင်္ဂလာဒုံ မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်လျက် ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117