Connect with us

Local

ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ကျင်းပမည်

နေပြည်တော်တွင် ကျင်းပခဲ့သော ကျောက်မျက်ရတနာပြပွဲ တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၁ ရက်(ဆင်ဟွာ)

ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ မတ် ၁၉ ရက်မှ ၂၄ ရက်အထိ ခင်းကျင်း ပြသ ရောင်းချ သွားမည် ဖြစ်ကြောင်း သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ယခုကျင်းပမည့် ရောင်းချပွဲကို နိုင်ငံသားကျောက်မျက်ရတနာ အချောထည်လုပ်ငန်းရှင်များ ကုန်ကြမ်း ပြတ်လပ်မှု မရှိစေရေး ၊ အချောထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုဖန်တီးပေးနိုင်ရေး၊ ပြည်ပသို့ တရားမဝင် ရောင်းချခြင်းများ တားဆီးနိုင်ရေး နှင့် တူးဖော်ရေး လုပ်ငန်းရှင်များ ငွေကြေးလည်ပတ်မှုကို အထောက်အကူဖြစ်စေနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပသွားမည် ဖြစ်ပြီး နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များကိုသာ တက်ရောက်ဝယ်ယူခွင့်ပြုသွား မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို မတ် ၁၀ ရက်တွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ကျောက်မျက်ရတနာ အချောထည် လုပ်ငန်းများ ပြည်တွင်းတွင် ဖွံ့ဖြိုး တိုးတက်စေရေး၊ ပြည်တွင်းတွင် ကျောက်မျက်ရတနာအချောထည် ဈေးကွက်နှင့် လက်ဝတ်ရတနာဈေးကွက် တိုးတက်ဖြစ်ထွန်းစေရေး တို့ကို ထည့်သွင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျောက်မျက်ရတနာများကို ရောင်းချရာတွင် အရိုင်းအတိုင်း ရောင်းချခြင်းအစား ဆင့်တက် ပြုပြင်ခြင်း နည်းပညာများ အသုံးပြုဆောင်ရွက်ထားသည့် ကျောက်မျက် ရတနာ အချောထည်များကို ရောင်းချနိုင်ရန် ဦးစားပေး လုပ်ဆောင်ရေး၊ ကျောက်မျက် ရတနာ အချောထည်များနှင့် လက်ဝတ် ရတနာ များ၏ အရည်အသွေးကို မြှင့်တင်ပြီး ပြည်ပ ဈေးကွက်သို့ ထိုးဖောက် ရောင်းချနိုင်ရေးကို စီမံလုပ်ဆောင်သွားကြရန်လည်း ဝန်ကြီးက တိုက်တွန်း ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117