Connect with us

Environment, Disasters & Accidents

ထျန်းကျင်း ပေါက်ကွဲမှုတွင် သေဆုံးသူ ၁၁၂ ဦးရှိလာပြီး ၉၅ ဦး ပျောက်ဆုံးနေဆဲ

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်း မြို့ရှိ ကြီးမားသော ဂိုဒေါင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောနေရာအား သြဂုတ်လ ၁၆ ရက်နေ့က မြင်တွေ့ရစဉ်(ဆင်ဟွာ)

ထျန်းကျင်း ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ကြီးမားသော ဂိုဒေါင် ပေါက်ကွဲမှု ဖြစ်ပြီးနောက် သေဆုံးသူ ၁၁၂ ဦးရှိလာပြီး မီးသတ်သမားများ အပါအဝင် ပျောက်ဆုံးသူ ၉၅ ဦးရှိ နေကြောင်း တနင်္ဂနွေနေ့ နံနက်ပိုင်း သတင်း စာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောပါသည်။

စနေနေ့ညက ၁၀၄ ဦး သေဆုံးကြောင်း ကြေညာခဲ့ပြီးနောက် သေဆုံးသူ ဆယ်ဦးကျော် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ၊ သေဆုံးသူများထဲမှ ၂၄ ဦးအား မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ပြီးပြီ ဟု ထျန်းကျင်း မြို့တော် သတင်းပြန်ကြားရေး ဋ္ဌာန ဒုတိယဋ္ဌာနမှူး ဂေါင်ဂျန်ရှန် ကပြောသည်။

ပျောက်ဆုံးနေသော မီးသတ်သမားများထဲတွင် ၁၃ ဦးက အချိန်ပြည့်ဝန်ထမ်းများ ဖြစ်ပြီး ၇၂ ဦးကတော့ ထျန်းကျန်း ဆိပ်ကမ်း ဂရု(ပ်) ကုမ္ပဏီ၏ ဝန်ထမ်းများ ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောထားသည်။

ဂိုဒေါင်အတွင်း အန္တရယ်ရှိသော ဓာတုဗေဒ ပစ္စည်းများ သိုလှောင်ထားမှုကြောင့် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ကြီးမားသော ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုများနှင့် ပတ်သက်၍ အင်တာနက်မှ တဆင့် ကောလာဟလ အမျိုးမျိုး ထွက်ပေါ်ခဲ့ပြီးနောက် အစိုးရက စနေနေ့ နှောင်းပိုင်းတွင် ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ထဲတွင် တရုတ်နိုင်ငံ ဆိုက်ဘာစပေ့ စီမံခန့်ခွဲမှု (Cyberspace Administration of China=CAC) ကနေ ဝက်ဆိုက် ငါးဆယ်အား အတည်မပြုရသေးသော သတင်းအချက်များ (သို့မဟုတ်) လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း အားဖြင့် ပြည်သူများ ကြောက်ရွံ့စေအောင် လုပ်ဆောင်မှုဖြင့် စွပ်စွဲထားပါသည်။ ဝက်ဘ်ဆိုက် ၁၈ ခုအား လိုင်စင်ရုပ်သိမ်းခဲ့ပြီး အခြား ဝက်ဘ်ဆိုက် ၃၂ ခုအား ယာယီဆိုင်ငံ့ထားခြင်း ခံရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117