Connect with us

Environment, Disasters & Accidents

ထျန်းကျင်းမြို့ ပေါက်ကွဲမှုအပြီး လေ နှင့် ရေအား စောင့်ကြည့် စစ်ဆေး

တရုတ် နိုင်ငံ ထျန်းကျင်း မြို့၌ မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာ အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ထျန်ကျင်း၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားသော ဧရိယာ တစ်ဝိုက်က လေနှင့် ရေအား အနီးကပ် စောင့်ကြည့် စစ်ဆေးနေကြောင်း သိရသည်။

“ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ နေရာအနီးမှာတော့ လေထု အရည်အသွေးက ပုံမှန်ပါပဲ၊ နေထိုင်သူတွေ အတွက် အန္တရာယ်ရှိ တဲ့ အနေအထား တော့မဖြစ်နိုင်ပါဘူး” ဟု သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဖန်ရင်ချန် က သောကြာနေ့ နံနက် သတင်း စာရှင်းလင်းပွဲ၌ ပြောသည်။

တချို့စောင့်ကြည့်ရေး ဋ္ဌာနများတွင်တော့ ရေနံထွက် ဓာတု ပစ္စည်းတစ်မျိုးဖြစ်တဲ့ တော်လွင်း၊ ကလိုရိုဖောင်း၊ မီသိုင်းဘန်ဇင်း နှင့် အငွေ့ ပြန်လွယ်သော အော်ဂဲနစ် ဒြပ်ပေါင်းများ အစရှိတဲ့ အန္တရာယ်ရှိ အခိုးအငွေ့များဟာ ဗုဒ္ဓဟူးနေ့ညမှ ကြာသပတေး နေ့လည်ထိ တိုင်အောင် တွေ့ရှိနေသော်လည်း လေးတိုက်နှုန်း ရှိနေတဲ့အတွက် သိပ်သည်းမှုတွေ ကတော့ လျော့နည်းသွားကြောင်း ဖန်က ပြောပါသည်။

ကြာသပတေးနေ့ နေ့လည်တွင်တော့ အဆိပ်ငွေ့များတွေ့ရှိမှုသည် ပုံမှန် အနေအထား အတွင်းသို့ ပြန်လည် ရောက်ရှိ သွားပါသည်။ လေနှင့်ရေ အရည်အသွေးများကိုတော့ ဆက်ပြီး အနီးကပ် စောင့်ကြည့်သွားဦးမည် ဖြစ်ကြောင်း ဖန် ကပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်သည် တရုတ်နိုင်ငံ ထျန်းကျင်းမြို့၊ ပင်းဟိုင် မြို့သစ်ရှိ ထျန်းကျင်း အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်း ပို့ဆောင်ရေး ဆိပ်ကမ်းဝင်း အတွင်းရှိ ပုဂ္ဂလိကပိုင် ရွေ့ဟိုင် ကုမ္ပဏီ၏ အန္တရာယ်ရှိ ပစ္စည်း သိုလှောင်သည့် ဂိုဒေါင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုကြီးမားသော ပေါက်ကွဲမှုတွင် မီးသတ် တပ်ဖွဲ့ဝင် ၁၇ ဦးအပါအဝင် အနည်းဆုံး လူ ငါးဆယ်ဦး သေဆုံး၍ စုစုပေါင်း ဒဏ်ရာရသူ စုစုပေါင်း ၇၀၁ ဦး တွင် ၇၀ ဦးက စိုးရိမ်ရသော အနေအထား ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117