Connect with us

Politics, Law & Military

NCA စာချုပ်ကို Open Book အဖြစ်ထားကာ လက်မှတ် ထိုးနိုင်သူများနှင့် ငြိမ်ချမ်းရေး စတင် ဖော်ဆောင်မည်

နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်နှင့် မီဒီယာများ ပြည်ထောင်စု လွှတ်တော်၌ တွေ့ဆုံနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ကို Open Book အဖြစ်ထားကာ စာချုပ်တွင် လက်မှတ် ရေးထိုးနိုင် သူများနှင့် ဆက်ပြီး ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေး အတွက်ကတော့ ရှင်းရှင်းလေးပဲ၊ ကျွန်တော်တို့ လက်မှတ်ထိုးမယ်။ စာချုပ်ကတော့ Open Book ပေါ့ ၊ ထိုးချင်တဲ့သူလာပြီးထိုး၊ ထိုးပြီးတဲ့သူနဲ့ဆက်ပြီး အကောင်အထည် ဖော်မယ်။ ကျန်တဲ့ သူတွေကိုလည်း ဆက်ထိုးဖို့ ဆက်ပြီး ဖိတ်ခေါ်နေမယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

အဆိုပါ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ် ရေးထိုးရင်း ငြိမ်းချမ်းရေး မယူရသေးသည့် အဖွဲ့အစည်းများနှင့်လည်း ဆက်လက် ဆွေးနွေးရန် တံခါးဖွင့် ထားမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

လက်ရှိ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် လက်မှတ် ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ဒီမို ကရက်တစ် ကရင် အကျိုးပြု တပ်မတော် (DKBA) ၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့အစည်း တို့သည် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ပူးတွဲ သတင်း ထုတ်ပြန်ခဲ့သည်။


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117