Connect with us

Politics, Law & Military

အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် အစည်းအဝေး ယနေ့မှစ၍ ရပ်နား

အမျိုးသား လွှတ်တော် အစည်းအဝေး (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ရပ်နားပေးရန် တင်သွင်းလာသည့် အရေးကြီး အဆိုကို ထောက်ခံမဲများသဖြင့် ယနေ့မှစ၍ အစည်းအဝေး ရပ်နားလိုက်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြောကြားလိုက်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်မှ ဦးကြည်ထွန်း တင်သွင်း လာသည့် အမျိုးသား လွှတ်တော်( ၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ရပ်နားပေးရန် အရေးကြီး အဆိုကို ယနေ့ မဲခွဲ ဆုံးဖြတ်ခဲ့ရာ စုစုပေါင်း မဲပေးခွင့်ရှိသည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၇၉ ဦးရှိအနက် ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက်မဲ ၃၄ မဲ၊ ကြားနေမဲ ၁၄ မဲ ဖြင့် အဆိုကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

အမျိုးသား လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ယနေ့မှစ၍ ရပ်နားလိုက်ပြီ သော်လည်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ ဆက်လက် ကျင်းပမည်ဖြစ်၍ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရမည် ဖြစ်ကြောင်း ဦးခင်အောင်မြင့် ကဆိုသည်။

ယနေ့မှ စတင် ရပ်နားခဲ့သော အမျိုးသား လွှတ်တော်ကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲပြီးမှ ပြန်လည် စတင်နိုင်ဖွယ်ရှိကြောင်း၊ ကိုယ်စားလှယ်လောင်းများ မဲဆွယ်ကာလ အတွက် ရွေးကောက်ပွဲ မတိုင်မီ ပြန်လည် စတင်ရန် အချိန် လုံလောက်မှု မရှိကြောင်း အမျိုးသား လွှတ်တော် ရပ်နားရန် အရေးကြီးအဆိုကို ကန့်ကွက် ဆွေးနွေးခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) မှ ဦးဖုန်းမြင့်အောင် ကပြောကြားသည်။

ပြည်သူ့လွှတ်တော်တွင် တင်သွင်းလာသည့် ပြည်သ့ူ လွှတ်တော် အစည်းအဝေး ရပ်နားပေးရန် အဆိုနှင့် ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြည်သူ့ လွှတ်တော် အနေနှင့် ပြည်သူ ပြည်သားများ အကျိုးကို စောင့်ရှောက် ကာကွယ်သော ဥပဒေများစွာကို အတည်ပြုစရာ များစွာရှိခြင်း၊ တစ်ဦး တစ်ယောက်ထဲ လုပ်ဆောင်ခြင်းထက် လွှတ်တော်အားယူ၍ ရေဘေးသင့် ကိစ္စများ ဆောင်ရွက်ခြင်းက ပိုမို ကောင်းမွန်ခြင်းတို့ကြောင့် လွှတ်တော် အစည်းဝေးကို ရပ်နားသွားမည် မဟုတ်ဘဲ ရေဘေး ကူညီရန် သွားလိုသည့် ကိုယ်စားလှယ်များ အနေဖြင့် ခွင့်ယူပြီး သွားနိုင်ကြောင်း ယမန်နေ့က ပြန်လည် ဆွေးနွေးခဲ့ပြီး အဆိုပါ အရေးကြီး အဆိုကို ယနေ့တွင် လွှတ်တော်၌ မှတ်တမ်း တင်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117