Connect with us

Politics, Law & Military

ကိုးကန့် ဒေသတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်လျက် ရှိကြောင်းဆို

ကြားဖြတ် ရွေးကောက်ပွဲ မဲရုံမြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင် တာဝန်ခံ အရာရှိ၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးနှစ်ဆန်းဦးက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ဦးနှစ်ဆန်းဦးက “ကိုးကန့်ဒေသမှာ လက်ရှိ နှစ်ဖက်တိုက်ခိုက်မှု ကလည်း အရင်ထက် လျော့နေပါပြီ။ ပြန်တည်ငြိမ် နေတဲ့ အနေအထား ရောက်ပါပြီ။ ရွေးကောက်ပွဲ ကျင်းပရန် ကျွန်တော်တို့ မဖြစ်မနေ ဆောင်ရွက်နေပါတယ်။’’ ဟုပြောသည်။

ကိုးကန့်ဒေသတွင် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၁ အတွက် ကိုယ်စားလှယ်လောင်း ၂ ဦး က အမည်စာရင်း ပေးသွင်းထားပြီး၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၂ နေရာ အတွက် ကိုယ်စားလှယ်လောင်း ၄ ဦး၊ ပြည်နယ် လွှတ်တော် ၄ နေရာ အတွက် ကိုယ်စားလှယ်လောင်း ၈ ဦးက အမည်စာရင်း ပေးသွင်း ထားကြောင်း ၎င်းကဆိုသည်။

ကိုးကန့် ဒေသတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီနှင့် ရှမ်းပြည် ကိုးကန့် ဒီမို ကရက်တစ် ပါတီ နှစ်ခုမှ ရုံးခန်းများ ဖွင့်ထားပြီး အဆိုပါ ပါတီ နှစ်ခုမှ ကိုယ်စားလှယ်လောင်းများမှ ရွေးကောက်ပွဲ ဝင်ရန် စာရင်း ပေးထားခြင်း ဖြစ်သည်။

ကိုးကန့် ဒေသတွင် လက်ရှိ တိုက်ပွဲများ အေးချမ်းလာပြီ ဖြစ်ပြီး မော်ထိုက် ဒေသမှာတော့ နှစ်ဖက်တပ်ကြား ထိတွေ့မှု တချို့ရှိကြောင်း သတင်းရရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117