Connect with us

North America

အမေရိကန် အနုပညာကျောင်းသို့ တရုတ် သမ္မတကတော် သွားရောက်လည်ပတ်

Bak Middle School of Arts အနုပညာကျောင်းသို့ သွားရောက် လည်ပတ်ခဲ့သည့် တရုတ်နိုင်ငံ သမ္မတကတော် ဖုန်းလီယွမ်နှင့် အမေရိကန်နိုင်ငံ သမ္မတကတော် မယ်လာနီယာ ထရမ့်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်းလီယွမ်သည် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ကမ်းရိုးတန်းမြို့ရှိ အနုပညာကျောင်း တစ်ခုသို့ အမေရိကန်နိုင်ငံ သမ္မတ ကတော် မယ်လာနီယာ ထရမ့်နှင့်အတူ ဧပြီလ ၇ ရက်က သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

Bak Middle School of Arts အနုပညာကျောင်းရှိ စာသင်ခန်းများ၊ ကျောင်းသားများ၏ သရုပ်ဖော် တင်ဆက်မှုများအား ကြည့်ရှုခဲ့သလို ၎င်းတို့နှင့်လည်း စကားပြောဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် ဖုန်းသည် နိုင်ငံရေးနှင့် စီးပွားရေး သင်ကြားသည့် အတန်း၌ ဝင်ရောက်လေ့လာခဲ့ပြီး အနုပညာနှင့် စပ်ဆိုင်သည့် မေးမြန်းမှုအား ဖြေကြားခဲ့ပြီးနောက် ကျောင်းသူတစ်ဦးက ပေးအပ်သည့် အမှတ်တရ လက်ဆောင်အား လက်ခံခဲ့သည်။

တရုတ်နှင့် အမေရိကန်သည် အနုပညာ နယ်ပယ်တွင် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သင့်ကြောင်း ဖုန်းက မှတ်ချက်ပြုခဲ့သလို Bak Middle School of Arts ရှိ ဆရာများနှင့် ကျောင်းသားများအား ပညာရေးနှင့် အနုပညာမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာစေရန် ပိုမို ပူးပေါင်း လုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။သမ္မတကတော် ဖုန်းသည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်အတူ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံရန် ဖလော်ရီဒါပြည်နယ် Palm Beach သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117