Connect with us

Africa & Middle East

အီဂျစ်ရှိ ဘုရားကျောင်း နှစ်ခုပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တစ်နိုင်ငံလုံးအရေးပေါ်အခြေအနေ သုံးလကြေညာ

အီဂျစ်တွင် ဘုရားကျောင်း ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအား သယ်ဆောင်လာစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း နှစ်ခုတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် လူ ၄၄ဦး ထက်မနည်း သေဆုံးကာ အခြားလူ ၁၂၀ကျော် ဒဏ်ရာရရှိခဲ့၍ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ သုံးလ သတ်မှတ်လိုက်ကြောင်း သမ္မတ အဗ္ဗဒူလ် ဖက်တာ အယ်လ်-စီစီ က ဧပြီလ ၉ ရက် ညနေပိုင်းတွင် ရုပ်သံလိုင်းတစ်ခုမှ တစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Gharbiya ပြည်နယ် Tanta မြို့ ရှိ Mar Girigis ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ဧပြီ ၉ ရက် အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၂၇ဦးထက်မနည်းသေဆုံးကာ ၇၈ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် Alexandria ကမ်းရိုးတန်းပြည်နယ်ရှိ Saint Mark ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် အသေခံဗုံးခွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ရာ လူ ၁၇ဦး သေဆုံးပြီး အခြားလူ ၅၀ခန့်ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

သမ္မတ စီစီ က ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းအားလုံး နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များ အတိုင်း အပြီးသတ်ဆောင်ရွက်နိုင်သည့် အထိ နိုင်ငံတော်အရေးပေါ်အခြေအနေကို သုံးလ ကြေညာထားကြောင်း နိုင်ငံတော် ကာကွယ်ရေးကောင်စီ အစည်းအဝေးပွဲတစ်ခု ၌ပြောကြားခဲ့သည်။၎င်းက အကြမ်းဖက်မှုအား ရင်ဆိုင်တိုက်ဖျက်ရန် အီဂျစ်ပြည်သူများ အနေဖြင့် စည်းလုံးကြရန်အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဧပြီလ ၉ ရက်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုများကို IS စစ်သွေးကြွအုပ်စုမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင်လည်း ကိုင်ရှိမြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခု ကို IS တို့၏ အကြမ်းဖက် ဗုံးဖောက်ခွဲမှုကြောင့် လူ၂၈ဦးထက်မနည်းသေဆုံးခဲ့ကာ အများစုမှာ အမျိုးသမီးများ နှင့် ကလေးငယ်များဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117