Connect with us

Africa & Middle East

အမေရိကန်၏ ဒုံးကျည်တိုက်ခိုက်မှုများမှာ ရည်မှန်းချက်မအောင်မြင်ကြောင်း ဆီးရီးယားသမ္မတပြော

ဆီးရီးယားနိုင်ငံသမ္မတ အာဆတ်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဒမတ်စကက် ၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ)

ဆီးရီးယားအတိုက်အခံအုပ်စုများကို အထောက်အကူပြုစေရန်ရည်ရွယ်ပြီး ဆီးရီးယားနိုင်ငံအား အမေရိကန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည့်လုပ်ရပ်မှာ ရည်မှန်းချက် မအောင်မြင်ကြောင်း ဆီးရီးယားနိုင်ငံသမ္မတ ဘာရှာအာဆတ်က ဧပြီလ ၉ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်ဟု နိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံက ထောက်ပံ့မှုများပြုလုပ်ထားသော အကြမ်းဖက်အုပ်စုများကို ဆီးရီးယားစစ်တပ်က မကြာသေးခင်က ချေမှုန်းခဲ့ကြောင်း နှင့် ရန်လိုမှုနောက်ကွယ်တွင် အမေရိကန်နိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုများမှာ ရည်မှန်းချက် မအောင်မမြင်ဖြစ်ခဲ့ရကြောင်း အီရန်နိုင်ငံသမ္မတ ဟူဆန်ရိုဟီနီ နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ် ဆီးရီးယားနိုင်ငံသမ္မတအာဆတ်က ပြောကြားခဲ့သည်။

ဆီးရီးယားပိုင်နက်အတွင်းရှိ အကြမ်းဖက်အဖွဲ့အားလုံးကို ချေမှုန်းပစ်ရန် ဆီးရီးယားစစ်တပ်အနေဖြင့် ဆုံးဖြတ်ချက်ချထားကြောင်း အာဆတ်က ဆက်လက်ပြောကြားခဲ့သည်။အာဆတ်အစိုးရအား အဓိကထောက်ပံ့မှုပေးထားသော အီရန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ တိုက်ခိုက်မှုများအပေါ် ပြစ်တင်ရှုတ်ချခဲ့ပြီး ၊ ဆီးရီးယားအစိုးရအား အီရန်နိုင်ငံက ဆက်လက်အားပေးထောက်ခံသွားမည်ဟု ရိုဟီနီ ကဆိုသည်။

ပြီးခဲ့သော ဧပြီလ ၇ ရက်က အမေရိကန်ရေတပ်သည် တွမ်မာဟော့ခ်ပဲ့ထိန်းဒုံးကျည် ၆ဝ စင်း နီးပါးဖြင့် ဆီးရီးယားနိုင်ငံ၏ Shayrat လေတပ်အခြေစိုက်စခန်းအား ပစ်ခတ်ခဲ့ရာ ဆီးရီးယားစစ်သား ၆ ဦး နှင့် ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၉ ဦးသေဆုံးခဲ့ကြောင်း နှင့် ဆီးရီးယားစစ်လေယာဉ် ၉ စင်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုမှာ ဧပြီလ ၆ ရက်က ဆီးရီးယားနိုင်ငံ Khan Sheikhoun မြို့အား ဆီးရီးယားလေတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်လုပ်ရပ်အပေါ် လက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရက ဆိုသည်။ဆီးရီးယားစစ်တပ်သည် Sheikhoun မြို့အား ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့ရာ လူပေါင်း ၇ဝ ဦးသေဆုံးခဲ့ရကြောင်း တက်ကြွလှုပ်ရှားသူများက စွပ်စွဲထားပြီး ၊ ဆီးရီးယားစစ်တပ်ကမူ သူပုန်တပ်ဖွဲ့ဝင်များ သိမ်းဆည်းထားသည့် ဓာတုလက်နက်များသိုလှောင်ထားသည့် နေရာကိုသာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။(Xinhua)