Connect with us

Media

တရုတ်နှင့် ဂျပန် ငြိမ်းချမ်းရေးသဘောတူစာချုပ် ၄၅ နှစ်မြောက် နှစ်ပတ်လည်အတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အပြန်အလှန်ဖလှယ်

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီးများသည် နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှု သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း ၄၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဝမ်းမြောက်ကြောင်းသဝဏ်လွှာများကို အောက်တိုဘာ ၂၃ ရက်က အပြန်အလှန်ဖလှယ်ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်လည်ရောက်ရှိခဲ့ပြီးနောက် နောက်ထပ် အရေးကြီး သမိုင်းမှတ်တိုင်တစ်ခုအဖြစ် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။

န်ခဲ့သော ၄၅ နှစ်အတွင်း တရုတ်-ဂျပန် ဆက်ဆံရေးမှာ နိမ့်ချည်မြင့်ချည်ရှိခဲ့သော်ငြားလည်း ငြိမ်းချမ်းရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ နှစ်နိုင်ငံပြည်သူများ၏ ပြင်းပြသောစိတ်ဆန္ဒများဖြစ်သလို နှစ်နိုင်ငံလုံး၏ အကျိုးစီးပွားများအတွက် မှန်ကန်သောရွေးချယ်မှုသာဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ပြောခဲ့သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမိကာဝါကလည်း နှစ်နိုင်ငံ သဘောတူစာချုပ် ၄၅ နှစ်မြောက် အခါသမယတွင် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကတိပြုထားခဲ့သော ယခင်ခေါင်းဆောင်များ၏ ကနဦး ပြင်းပြသောစိတ်ဆန္ဒသဘောထားကို ပြန်လည်အသက်သွင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။နီးကပ်သောအိမ်နီးချင်းများဖြစ်သည့်အလျောက် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကျယ်ပြန့်သောနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုအလားအလာကောင်းမွန်လျက်ရှိကြောင်း၊ ထို့ပြင် နှစ်နိုင်ငံနှင့် ကမ္ဘာ့ရေးရာနယ်ပယ်စုံ၌ ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် သဘောတူစာချုပ်စိတ်ဓာတ်အရ တည်ငြိမ် ကောင်းမွန်သော ဂျပန်-တရုတ် ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကာမိကာဝါက သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
………………………………..
(English Version)
Chinese, Japanese FMs exchange congratulations on 45th anniversary of peace treaty
BEJING, Oct. 23 (Xinhua) — Chinese and Japanese foreign ministers on Monday exchanged congratulations on the 45th anniversary of the signing of the Treaty of Peace and Friendship Between China and Japan.
In his message, Chinese Foreign Minister Wang Yi said that 45 years ago, China and Japan signed the treaty, which set up another important milestone for bilateral relations after the normalization of their diplomatic relations.
Over the past 45 years, despite ups and downs in China-Japan relations, peace, friendship and cooperation have always been the aspirations of the two peoples and the only right choice that serves the interests of both sides, said Wang, also a member of the Political Bureau of the Communist Party of China Central Committee.
In her message, Japanese Foreign Minister Yoko Kamikawa said that on the occasion of the 45th anniversary of the treaty, the two sides should relive the original aspiration of their older generation of leaders who have committed to the development of bilateral relations.
As close neighbors, Japan and China enjoy cooperation potential in a wide range of fields, said Kamikawa, adding that both sides should conduct dialogues at various levels on bilateral and global issues and strive to build constructive and stable Japan-China relations in line with the spirit of the treaty.