Connect with us

Media

မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များအနက် ရန်ကုန်ရှိ အခြေခံမုန့်ဖုတ်နည်းသင်တန်း

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပံ့ပိုးမှုနှင့်အတူ မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေခံမုန့်ဖုတ်နည်းသင်တန်းတစ်ခုကို ရန်ကုန်မြို့တွင် ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်သည်။ အဆိုပါ မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် “The Establishment of Bakery & Pastry Training Project” စီမံကိန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းများကို တရုတ်နိုင်ငံမှ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ သင်တန်းအပတ်စဉ် ပေါင်း ၁၀ ခုအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းအပတ်စဉ် တစ်ခုလျှင် သင်တန်းသားဦးရေ ၂၀ ဖြင့် ဖွင့်လှစ် သင်ကြားကြောင်း သိရသည်။ ယခုသင်တန်းမျိုး ပြင်ပတွင် တက်ရောက်ပါက သင်တန်းကြေး ၅၀၀,၀၀၀ မှ ၆၀၀,၀၀၀ ကြား ရှိကြောင်း သိရသည်။ သင်တန်းသားရွေးချယ်ရာတွင်လည်း အမှန်တကယ် စိတ်ပါဝင်စားသူများကို စိစစ်ရွေးချယ်ကြောင်း သိရသည်။

သင်တန်း၏ စီမံကိန်းမန်နေဂျာဖြစ်သူ ဒေါ်ကေသီနိုင်က “အခုဒီသင်တန်းက အပတ်စဉ် ၄ ပါ ။ အပတ်စဉ် ၅ က ရှေ့တစ်ပတ် တနင်္လာနေ့ စဖွင့်မှာပါ။ မိန်းကလေး၊ ယောက်ျားလေး Gender Equality ဖြစ်အောင်လုပ်ပေးပါတယ်။ သင်တန်းမှာ မိန်းကလေး ၆၀ ရာခိုင်နှုန်း၊ ယောက်ျားလေး ၄၀ ရာခိုင်နှုန်းပါပါတယ်။ သင်တန်းကို ကြေညာပါတယ်။ အသက် ၁၈ နှစ်ကနေ အသက် ၄၀ အတွင်းဖြစ်ရမယ်။ ငွေကြေးမတတ်နိုင်သူတို့၊ ဝေးလံခေါင်ဖျားက လူတို့ကို အဓိက ဦးစားပေးအနေနဲ့ခေါ်ပါတယ်” ဟု နိုဝင်ဘာ ၁၃ ရက်က ဆင်ဟွာသို့ ပြောသည်။ (Ximhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.