Connect with us

Media

ရှီနှင့်ဘိုင်ဒန်တို့က တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ကမ္ဘာအတွက် အရေးကြီးသည့် မဟာဗျူဟာကျသော ကိစ္စရပ်များအား ဆွေးနွေး

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့သည် နိုဝင်ဘာ ၁၅ ရက်၌ တရုတ်-အမေရိကန် ဆက်ဆံရေး ဦးတည်ချက်၏ မဟာဗျူဟာကျ၍ ဆက်စပ်သော အရေးကြီးကိစ္စရပ်များ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို သက်ရောက်စေသည့် အဓိကကိစ္စရပ်များအပေါ် ပွင့်လင်း နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှ ကီလိုမီတာ ၄၀ ခန့်အကွာရှိ ကျေးလက်စံအိမ်တစ်ခုဖြစ်သော ဖီလိုလီစံအိမ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)

……………………………….
(English Version)
Xi, Biden talk on strategic issues critical to China-U.S. relations, world
SAN FRANCISCO, Nov. 15 (Xinhua) — Chinese President Xi Jinping and U.S. President Joe Biden on Wednesday had a candid and in-depth exchange of views on strategic and overarching issues critical to the direction of China-U.S. relations and on major issues affecting world peace and development.
The meeting was held at Filoli Estate, a country house approximately 40 km south of San Francisco, California.