Connect with us

Media

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ၂၄ ကြိမ်မြောက် တရုတ်-အီးယူ ထိပ်သီးအစည်းအဝေးကျင်းပမည်

ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့အကြား သဘောတူညီထားသည့်အတိုင်း ၂၄ ကြိမ်မြောက် တရုတ်-အီးယူ ထိပ်သီးအစည်းအဝေးကို ဒီဇင်ဘာ ၇ ရက်တွင် ပေကျင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel ၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်၊ ဥက္ကဋ္ဌ Charles Michel နှင့် ဥက္ကဋ္ဌ Ursula von der Leyen တို့သည် အဆိုပါ ထိပ်သီးအစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဟွာချွမ်းရင်က ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
24th China-EU Summit to be held in Beijing
BEIJING, Dec. 4 (Xinhua) — As agreed between China and the EU, the 24th China-EU Summit will be held in Beijing on Dec. 7, Foreign Ministry spokesperson Hua Chunying announced on Monday.
Chinese President Xi Jinping will meet with President of the European Council Charles Michel and President of the European Commission Ursula von der Leyen. Chinese Premier Li Qiang, President Charles Michel and President Ursula von der Leyen will jointly chair the summit, said Hua. Enditem