Connect with us

Media

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၌ ရေကန်ထဲသို့ ဘတ်စ်ကား ထိုးကျခဲ့ခြင်းကြောင့် လူ ၃ ဦး သေဆုံး ၊ ၁၇ ဦး ဒဏ်ရာရရှိ

အစ္စလမ်မာဘတ်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Bahawalpur ခရိုင်၌ ဇန်နဝါရီ ၉ ရက်တွင် ရေကန်ထဲသို့ ဘတ်စ်ကား တစ်စီး ထိုးကျသွားခဲ့ခြင်းကြောင့် လူ ၃ ဦး သေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။

သေဆုံးသူများမှာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ယင်းဖြစ်စဉ်မှာ Bahawalpur ခရိုင်အတွင်းရှိ Nowshera Jadeed နေရာ၌ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း ၊ ခရီးသည်တင်ဘတ်စ်ကားမှာ ဂငယ်ကွေ့ ကွေ့နေစဉ် တိမ်းမှောက်ကာ ရေမရှိသည့် ကန်အတွင်းသို့ ထိုးကျသွားခဲ့ကြောင်းနှင့် ခရီးသည် ၃ ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(English Version)
3 killed, 17 injured as bus plunges into lake in Pakistan’s Punjab
Three people were killed, and 17 others injured on Tuesday when a bus plunged into a lake in Bahawalpur district of Pakistan’s eastern Punjab province, the rescue service reported.
The dead included two males and a female, according to the rescue service.
The rescue service said that the accident took place early morning in Nowshera Jadeed area of the district when a passenger bus overturned while taking a U-turn and fell into a dry lake, resulting in the death of three passengers on the spot.
Xinhua News Agency correspondents reporting from Islamabad.(XHTV)