Connect with us

Media

ရှီ နှင့် ဘိုင်ဒန် တွေ့ဆုံမှုက ကမ္ဘာကြီးအတွက် အရေးပါကြောင်း လေ့လာသူများ ပြောကြား

ဘာလီ ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့သည် အင်ဒိုနီးရှားနိုင်ငံရှိ အပန်းဖြေကျွန်းဖြစ်သည့် ဘာလီကျွန်း၌ နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ဆုံခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် မဟာဗျူဟာမြောက် အရေးပါမှု ကိစ္စရပ်များ နှင့် ကမ္ဘာလုံးဆိုင်ရာ နှင့် ဒေသဆိုင်ရာ အဓိကကိစ္စရပ်များအပေါ် အမြင်များအား ပွင့်ပွင်းလင်းလင်း နှင့် နက်နက်ရှိုင်းရှိုင်း ဖလှယ်ခဲ့ကြသည်။
ဘာလီအစည်းအဝေးသည် ဂျိုးဘိုင်ဒန်အနေဖြင့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးချိန်မှစတင်၍ ခေါင်းဆောင်နှစ်ဦးအကြားတွင် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် ဘုံအကျိုးစီးပွားများစွာ မျှဝေလျက်ရှိပြီး ၎င်းတို့၏ ဆက်ဆံရေးသည်လည်း ကမ္ဘာကြီးအတွက် အလွန်အရေးပါကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
“ခေါင်းဆောင်တွေအကြားမှာ အွန်လိုင်းတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီးပါပြီ ။ ဒါပေမယ့် မျက်နှာချင်းဆိုင်တွေ့ဆုံမှုက ပထမဆုံးအကြိမ် ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါက အရေးကြီးပါတယ်”ဟု အစ္စတန်ဘူလ်အခြေစိုက် Marmara တက္ကသိုလ်ရှိ ပညာရှင် BARIS DOSTER က နိုဝင်ဘာ ၁၄ ရက် တွေ့ဆုံမှုများမတိုင်မီ ပြောကြားခဲ့သည်။

“ဒေသအဆင့် နဲ့ ကမ္ဘာ့အဆင့်မှာ ယဉ်ကျေးမှုအမျိုးမျိုး ထွန်းကားရေး နဲ့ ဒေသတွင်း နဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နဲ့ စီးပွားရေး ရေရှည်တည်တံ့မှုအရ ဒီအရေးပါမှုက အဓိကကျပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ၊ ပူးပေါင်းဆောင်ရွက်ရေး ၊ အပြန်အလှန်ယုံကြည်မှု ၊ နှစ်နိုင်ငံအကြား ပိုမိုမြင့်မားသော နိုင်ငံရေးနားလည်မှု အဆင့်မြင့်မားရေးက ဒေသတွင်းသာမက ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံရေး နဲ့ သံတမန်ရေးရာ နားလည်မှု နဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတယ်ဆိုတာကို ဆိုလိုတာ ဖြစ်ပါတယ်။”ဟု အစ္စလာမ်မာဘတ်အခြေစိုက် တောင်အာရှ နှင့် နိုင်ငံတကာလေ့လာရေးစင်တာ၏ ညွှန်ကြားရေးမှူး MEHMOOD UL HASSAN KHAN က ပြောကြားခဲ့သည်။

“ခေါင်းဆောင်နှစ်ဦးကြားမှာ G20 အစည်းအဝေး ကျင်းပချိန်မှာ တွေ့ဆုံမှု ဖြစ်တဲ့ ဒီလိုမျိုး အဆင့်မြင့်ဆွေးနွေးပွဲက အလွန်အရေးပါပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ဆက်ဆံရေးတွေအတွက် အလားအလာကို ကူညီပေးနိုင်ပြီးတော့ ကမ္ဘာကြီးကို အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်”ဟု ဖိလစ်ပိုင် ပညာရှင်အဖွဲ့ ဖြစ်သည့် အာရှ-ပစိဖိတ် တိုးတက်ရေးလမ်းကြောင်းဖောင်ဒေးရှင်း သုတေသီ LUCIO BLANCO PITLO က ပြောကြားခဲ့သည်။ (Xinhua)

……………………………..

(English Version)
Xi-Biden meeting important for world: observers

Chinese President Xi Jinping and his U.S. counterpart, Joe Biden, met on Monday in Indonesia’s resort island of Bali.

The two leaders had a candid and in-depth exchange of views on issues of strategic importance in China-U.S. relations and on major global and regional issues.

The Bali meeting is the first vis-a-vis sit-down between the two heads of state since Biden assumed the U.S. presidency.

Observers said that China and the U.S. share many common interests, and their relationship is of great significance for the world.

SOUNDBITE 1 (Turkish): BARIS DOSTER, Academic at Istanbul-based Marmara University
(Before Monday’s talks), meetings had been held online between the two leaders. But a face-to-face meeting is taking place for the first time. That is important.

SOUNDBITE 2 (English): MEHMOOD UL HASSAN KHAN, Director of Islamabad-based Center of South Asia and International Studies
“The significance is paramount in terms of regional and global peace and stability, economic sustainability, and the promotion of multi-culturalism at the regional level and the global level. So the peace, cooperation, mutual confidence, the high level of better political understanding between the two countries means a greater regional as well as global, political and diplomatic understanding and development.”

SOUNDBITE 3 (English): LUCIO BLANCO PITLO, Research fellow at Philippine think tank Asia-Pacific Pathways to Progress Foundation
“The G20 sideline meeting between the two leaders, such high-level dialogue is very important, because that will help set the tone for the relations and also signal to the world.”

Xinhua News Agency correspondents reporting from Bali, Indonesia.
(XHTV)