Connect with us

Media

တရုတ်နိုင်ငံ ကွမ်ရှီးဒေသတွင် နန်နင်း-ဖိန်ရှန်း ရထားလမ်း၏ အဓိကလမ်းပိုင်း စတင်လည်ပတ်

နန်နင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

နန်နင်း-ဖိန်ရှန်း ရထားလမ်း၏ နန်နင်း- ချုံကျော် ရထားလမ်းပိုင်းမှာ ဒီဇင်ဘာ ၅ ရက်က စတင် အသုံးပြုနေပြီဖြစ်ကာ မြို့နှစ်မြို့ကြား ခရီးသွားကြာမြင့်ချိန်ကို ၂ နာရီ၊ ၃၆ မိနစ်ရှိရာမှ ၅၂ မိနစ်အထိ လျှော့ချပေးလျက်ရှိသည်။
နန်နင်း-ဖိန်ရှန်း ရထားလမ်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြေးဆွဲနေခြင်းဖြစ်ပြီး ယင်းဒေသမြို့တော် နန်နင်းကို နယ်စပ်မြို့ဖြစ်သော ဖိန်ရှန်းနှင့် ချိတ်ဆက်ပေးထားခြင်းဖြစ်သည်။

အရှည် ၂၀၁ ကီလိုမီတာရှိသော ရထားလမ်းအား နန်နင်း-ချုံကျော်နှင့် ချုံကျော်-ဖိန်ရှန်း စသည့် ရထားလမ်းပိုင်းနှစ်ခုဖြင့် တည်ဆောက်ထားသည်။
“ရထားလမ်းက အလုပ်သမားတွေ၊ ပစ္စည်းကိရိယာအရင်းအမြစ်တွေနဲ့ ငွေလုံးငွေရင်းတွေ ချုံကျော်မြို့ဆီ သယ်ဆောင်လာပေးပါတယ်။ နယ်စပ်ဒေသရှိ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအရ အခွင့်အလမ်းတွေ အများကြီး ဆောင်ကြဉ်းပေးပါတယ်။ တစ်ချိန်တည်းမှာပဲ လူအများကြီး ရောက်ရှိလာတာကလည်း ဒေသရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးပါလိမ့်မယ်” ဟု ကွမ်ရှီး လူမှုသိပ္ပံ စက်မှုလုပ်ငန်းအင်စတီကျု အကယ်ဒမီ အကြီးအကဲ Yao Hua က ပြောကြားခဲ့သည်။ (Xinhua)

………………………………………………

(English Version)
Key section of Nanning-Pingxiang Railway begins operation in Guangxi, China
The Nanning-Chongzuo section of the Nanning-Pingxiang Railway began operation on Monday, cutting the travel time between two cities from two hours and 36 minutes to just 52 minutes.
The Nanning-Pingxiang Railway runs in south China’s Guangxi Zhuang Autonomous Region and connects the region’s capital city Nanning to the border city Pingxiang.
The 201-km railway is built into two sections: the Nanning-Chongzuo and Chongzuo-Pingxiang sections.

SOUNDBITE (Chinese): YAO HUA, Head of Guangxi Academy of Social Sciences Industrial Institute

“The railway will bring a lot of labor, material resources and capital to Chongzuo, which will bring more opportunities in terms of industry development in the border area. At the same time, a larger flow of people will also boost the development of the local tourism industry.”
Xinhua News Agency correspondents reporting from Nanning, China.
(XHTV)