Connect with us

Media

တရုတ်နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးမှုကိုဆက်လက်ဖော်ဆောင်သွားမည်ဟု ဖိလစ်ပိုင်သမ္မတ သစ်ဆို

မနီလာ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ သမ္မတသစ်အဖြစ်ရွေးကောက်ခံရသည့် Ferdinand Romualdez Marcos က တရုတ်နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့အကြား ရာစုနှစ်နှင့်ချီသည့်ချစ်ကြည်ရင်းနှီးမှုများသည် နှစ်နိုင်ငံပြည်သူများအတွက် ကြီးမားသည့်အပြန်အလှန်အကျိုးဖြစ်ထွန်းမှုများကို ဆက်လက်ဆောင်ကြဉ်းပေးလာမည်ဖြစ်ကြောင်း ဇွန်လ ၈ ရက်တွင် ပြောကြားခဲ့သည်။

ဇွန် ၉ ရက်တွင် ဖိလစ်ပိုင်နိုင်ငံနှင့်တရုတ်နိုင်ငံတို့ သည် ၂၁ ရာစု ဖိလစ်ပိုင်-တရုတ်လူမျိုးများချစ်ကြည်ရေးနေ့ ကျင်းပခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံ သမ္မတသစ် Ferdinand Romualdez Marcos က“ရာစု နှစ်နဲ့ချီသက်တမ်းရှိပြီဖြစ်တဲ့ ဖိလစ်ပိုင်နဲ့တရုတ်နိုင်ငံတို့ရဲ့ ချစ်ကြည်ဆက်ဆံရေးဟာ ဆက်လက်ပြီး နှစ်နိုင်ငံပြည်သူတွေအတွက်ကြီးမားတဲ့အပြန်အလှန်အကျိုးကျေးဇူးတွေဖြစ်လာစေမှာပါ၊ ကုန်သွယ်ရေးမှသည် အနုပညာ၊ ယဉ်ကျေးမှု၊ အားကစား ၊ ဒေသတွင်းငြိမ်းချမ်းရေးအထိ နောက်ပြီး တည်ငြိမ်အေးချမ်းရေး ဒါ့အပြင် မိမိတို့ ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေတဲ့အထိ ၊ ကပ်ရောဂါ ကာလအတွင်းမိမိတို့အပေါ် ရက်ရောစွာပေးကမ်းလှူဒါန်းခဲ့မှုအားလုံးအပြင် နှစ်နိုင်ငံ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုဟာဆိုရင် မြင့်မားတဲ့အခြေအနေဆီကို ဆက်လက်တက်လှမ်းရောက်ရှိနေပြီဖြစ်ပါတယ်၊ မိမိအနေနဲ့ ဒီအခမ်းအနားကို ပါဝင်ပြီး တရုတ်နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံဆက်ဆံရေးမှာ နောက်ထပ်နှစ်ပေါင်းများစွာတိုင် သံတမန်ရေးတင်မကဘဲ  အကျိုးကျေးဇူးဖြစ်ထွန်းစေသည့် ချစ်ကြည်ရေး ကို အဓွန့်ရှည်နိုင်ဖို့မျှော်လင့် သလို အဲဒီချစ်ကြည်ရေးကိုလက်ဆင့်ကမ်းရင်း နှစ်ပေါင်းများစွာဖွံ့ဖြိုးတိုးတက်မှုတွေရရှိစေဖို့ မိမိတို့ဟာ ဆက်လက်ကြိုးပမ်းသွားပါမယ်” ဟုဆိုသည်။

နှစ်နိုင်ငံသည် ၁၉၇၅ ခုနှစ် ဇွန်လ ၉ ရက်တွင်သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည်။   (Xinhua)

…………………………………………

(English Version)

GLOBALink | China, Philippines continue to enjoy friendship: Philippine President-elect

MANILA, June 9 (Xinhua) — Philippine President-elect Ferdinand Romualdez Marcos said Wednesday the centuries-old friendship between China and the Philippines will continue to bring “great mutual benefits” to the people of the two countries.

On June 9, the Philippines and China celebrate the 21st Filipino-Chinese Friendship Day.

SOUNDBITE: (English): FERDINAND ROMUALDEZ MARCOS, Philippine President-elect

“The centuries-old relationship and friendship of the Philippines and China has been and will continue to be of great mutual benefit to our people. From trade, arts, culture, athletics, to regional peace, and stability, to the employment of opportunities for our people, and all the significantly generous efforts extended to us during the pandemic, the cooperative partnership of our two nations continues to reach new heights. I join you in the celebration as we look forward to more years, not only of diplomatic relations, but of continuous, fruitful engagements between China and the Philippines as we continue to enjoy the friendship that we have developed over the years.”

 

On June 9, the Philippines and China celebrate the 21st Filipino-Chinese Friendship Day.

 

 

The two countries established diplomatic relations on June 9, 1975.

 

Produced by Xinhua Global Service