Connect with us

Media

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဆက်သွယ်ရေး အွန်လိုင်းလိမ်ညာမှု ကျူးလွန်သည့် သံသယ တရားခံ ၂,၃၄၉ ဦး အား တရုတ်နိုင်ငံသို့ လွှဲပြောင်း

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနသည် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့်သက်ဆိုင်သည့် ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှုများကို အစဉ်အမြဲ စောင့်ကြည့်လျက်ရှိရာ ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကို အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခြင်း၊ လိမ်ညာမှုကျူးလွန်သည့်မသမာသူတို့၏စခန်းကို ပြတ်ပြတ်သားသား ရှင်းလင်းဖယ်ရှားခြင်း၊ ဥပဒေအရ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပေါ်အခြေခံ၍ ယူနန်ပြည်နယ် ဖူအော် ပြည်သူ့လုံခြုံရေးဌာနနှင့် မြန်မာနိုင်ငံသက်ဆိုင်ရာဒေသ တရားဥပဒေစိုးမိုးရေးဌာနများက နယ်စပ်ရဲတပ်ဖွဲ့ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို ယခုရက်ပိုင်းများတွင် ပြုလုပ်ခဲ့ရာ ဆက်သွယ်ရေး အွန်လိုင်းလိမ်ညာမှု ကျူးလွန်သည့် တရုတ်နိုင်ငံသား သံသယတရားခံ ၂,၃၄၉ ဦး ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဌာန၏ အောက်တိုဘာ ၁၆ ရက် သတင်းများအရ သိရသည်။

အစောပိုင်းကာလ လုပ်ငန်းများအပေါ် အခြေခံ၍ ယူနန် ပြည်သူ့လုံခြုံရေးဌာနနှင့် မြန်မာနိုင်ငံသက်ဆိုင်ရာဒေသ တရားဥပဒေစိုးမိုးရေးဌာနများက နယ်စပ်ရဲတပ်ဖွဲ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် အားဖြည့် ဆောင်ရွက်ခဲ့ရာ၌ လိမ်ညာမှုကျူးလွန်ရန် စတည်းချနေသည့် စခန်းများနှင့် လူပုဂ္ဂိုလ်များ၏ သဲလွန်စများ ရရှိခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းရန် လှုပ်ရှားမှုများကို ခပ်စိပ်စိပ်လှုပ်ရှားခဲ့ရာ ပြစ်မှုကျူးလွန်သည့် သံသယ တရားခံများ ဆက်တိုက် ဖမ်းဆီးရမိခဲ့သည်။ အောက်တိုဘာ ၁၄ ရက်တွင် သံသယတရားခံ ၂,၃၄၉ ဦး ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ရာ ယူနန်ပြည်နယ် ကူမင်းမြို့၊ ကျန်းဆူး၊ ဟဲနန်၊ ဆန်းတုန်း၊ ဟူနန်၊ ချုံချင့် စသည့် နေရာများမှ ပြည်သူ့လုံခြုံရေးဌာနများက ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။

ယူနန်ပြည်နယ်ရှိ ပြည်သူ့လုံခြုံရေးဌာနများ၏ ကြိုးပမ်းမှုကြောင့် လက်ရှိအချိန်အထိ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးထားသော ဆက်သွယ်ရေး လိမ်ညာမှုကျူးလွန်သည့် သံသယတရားခံ ၄,၆၆၆ ဦး ရှိပြီ ဖြစ်ရာ ၎င်းတို့အနက် တရားခံပြေး ၂၀၅ ဦး ပါဝင်ကြောင်း သိရသည်။ ယခုနှစ် ဩဂုတ်လမှစပြီး နိုင်ငံတစ်ဝန်း ဆက်သွယ်ရေး အွန်လိုင်းလိမ်ညာမှု ဖြစ်ပွားသည့်အရေအတွက်နှင့် ပစ္စည်းဥစ္စာနစ်နာဆုံးရှုံးမှုသည် ယခင်ကာလတူနှင့်နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်းနှင့် ၂၀.၅ ရာခိုင်နှုန်း အသီးသီး လျော့နည်းလာကြောင်း သိရသည်။ (Xinhua)

……………………………………..
(Chinese Version)
2349名缅北涉我电信网络诈骗犯罪嫌疑人一次性移交我方
新华社北京10月16日电(记者熊丰)记者16日从公安部获悉,公安机关针对缅北涉我电信网络诈骗犯罪始终紧盯不放,在持续开展多轮次打击行动,坚决铲除诈骗窝点、依法缉捕涉诈人员的基础上,近日,云南普洱公安机关与缅甸相关地方执法部门开展边境警务执法合作,抓获2349名中国籍电信网络诈骗犯罪嫌疑人并移交我方。这是开展打击缅北涉我电信网络诈骗犯罪行动以来,单次移交人数最多的一次,其中包括网上在逃人员111名。
在前期工作基础上,云南公安机关与缅甸相关地方执法部门不断加强边境警务合作,持续通报最新研判的诈骗窝点和人员线索,并于近日密集开展抓捕行动,一大批电信网络诈骗犯罪嫌疑人相继落网。10月14日,2349名嫌疑人移交我方并分别由云南昆明以及江苏、河南、山东、湖南、重庆等地公安机关陆续押回。截至目前,在云南多地公安机关不懈努力下,已有4666名缅北涉我电信网络诈骗犯罪嫌疑人移交我方,其中包括网上在逃人员205名。今年8月以来,全国电信网络诈骗案件发案数、造成财产损失数同比分别下降24%、20.5%。
图为移交现场