Connect with us

Media

နိုင်ငံဖြတ်ကျော် ဆောင်းဦးရာသီပွဲတော် ပဒေသာအက ဖျော်ဖြေပွဲများ ရန်ကုန်နှင့် မန္တလေးတို့တွင် စည်ကားစွာ ကျင်းပခဲ့

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် “လှပသောပန်းများနှင့်လပြည့်နေ့” နိုင်ငံဖြတ်ကျော် ဆောင်းဦးရာသီပွဲတော် ပဒေသာအကအလှ ဖျော်ဖြေတင်ဆက်ပွဲ (မြန်မာနိုင်ငံခရီးစဉ်) အား စက်တင်ဘာ ၂၈ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း ရန်ကုန် ၊ ရခိုင်ပြည်နယ်နှင့် မန္တလေးမြို့တို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ နိုင်ငံဖြတ်ကျော် ဆောင်းဦးရာသီပွဲတော် ပဒေသာအကအလှ ဖျော်ဖြေတင်ဆက်ပွဲတွင် တရုတ်-မြန်မာ အနုပညာရှင်များက “တိမ်ပေါ်တက်လှမ်းခြင်း” အဆိုအက ၊ တရုတ်ရိုးရာ တူရိယာအဖွဲ့၏ တရုတ်ရှေးခေတ်ကြိုးတပ်စောင်းဖျော်ဖြေမှု ၊ ဂျိမ်းဖော ဝလူမျိုးစုတို့၏ “ကုန်းပြင်မြင့်ပေါ်ရှိ ညီအစ်မများ” အက ၊ အကအဖွဲ့အားလုံးမှ ဖျော်ဖြေ တင်ဆက်သော ယူနန် တိုင်လူမျိုးစု ဂန္ထဝင်အက “တိုင် မိန်းမပျိုလေးများ” စသဖြင့် ပါဝင်ဖျော်ဖြေခဲ့ကြသည်။ (Xinhua)