Connect with us

Media

မဟာသင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့အတွင်းက စတုဒိသာ ကျွေးမွေးလှူဒါန်းမှု

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကာလတွင် မင်္ဂလာရှိစေရန် ဘုရား ပုထိုး ဆင်းတုများကို ရေသပ္ပါယ်ခြင်း၊ သက်ကြီးရွယ်ကြီးများကို စောင့်ရှောက်ခြင်း၊ ဥပုသ်သီတင်းဆောက်တည်ကြခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြခြင်း စသည်ဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြလေ့ရှိသည်။

ရန်ကုန် ပုဇွန်တောင်မြို့နယ် ၄၉ လမ်းတွင်လည်း လပြည့်ဆွမ်းလောင်းမိသားစုက မဟာသင်္ကြန်(အကြတ်နေ့)မှာ ထမင်း၊ ချဉ်ပေါင်ရွက်ကြော် နှင့် ဘဲဥချဉ်ရည်ဟင်းဖြင့် စတုဒိသာ ကျွေးမွေးလှူဒါန်းခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117