Connect with us

Media

တရုတ်နိုင်ငံ ဝန်ကြီးချုပ်က တရုတ်-ပြင်သစ် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး အဆိုပြုချက် ၃ ချက် ပြောကြား

ပဲရစ်၊ ဇွန် ၂၃ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ လုံခြုံမှုနှင့် တည်ငြိမ်မှုရှိစေရေး အတူတကွ ထိန်းသိမ်းသွားမည်ဖြစ်ပြီး တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးနှင့် ခိုင်မာသော စီးပွားရေးဝန်းကျင်တစ်ရပ် မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဇွန် ၂၁ ရက်၌ ပြောကြားခဲ့သည်။

ပဲရစ်မြို့တွင် တရုတ်နှင့် ပြင်သစ် စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းနှင့် ညစာစားပွဲ၌ ပြောကြားခဲ့ရာ တရုတ်-ပြင်သစ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အချက် ၃ ချက်ပါ အဆိုပြုချက်ကို လီက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ပြင်သစ် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး Bruno Le Maire နှင့် နှစ်နိုင်ငံ စီးပွားရေးအသိုင်းအဝိုင်းမှ ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီအခြေအနေက စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း၏ ရှောင်လွှဲ၍မရသောရလဒ် တစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံကြား ခိုင်မာသော နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုက နှစ်နိုင်ငံလုံး၏ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီအခြေအနေ၌ တည်ငြိမ်၍ သေချာသော ဘုံဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ မြင်တွေ့နိုင်စေမည်ဖြစ်ကြောင်း လီက ပြောခဲ့သည်။

ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ လုံခြုံတည်ငြိမ်ရေးကို ပူးတွဲထိန်းသိမ်းရာတွင် အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုများအပေါ် ပြင်သစ်အစိုးရ၏ ဆန့်ကျင်ကန့်ကွက်မှုအတွက် လေးစားကြောင်း လီက ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(English Version)
Chinese premier puts forward three-point proposal on deepening China-France cooperation
PARIS, June 21 (Xinhua) — China and France should jointly maintain the security and stability of global industrial and supply chains, strengthen cooperation on innovation, and foster a sound business environment, Chinese Premier Li Qiang said here on Wednesday.
Li made the three-point proposal on China-France cooperation when delivering a speech at a dinner with the Chinese and French business communities in Paris. French Economy and Finance Minister Bruno Le Maire and more than 100 representatives from the business communities of the two countries attended the event.
Li said interdependence is an inevitable result of economic globalization, and the sound political mutual trust between China and France enables the two countries to see stability, certainty, and common development opportunities in their interdependence.
On jointly maintaining the security and stability of the global industrial and supply chains, Li expressed admiration for the French government’s opposition to bloc confrontations.
Photo: Chinese Premier Li Qiang arrives at the Paris Orly Airport in Paris, France, June 21, 2023. (Xinhua/Ding Haitao)