Connect with us

Media

ယခုနှစ် ဇူလိုင်လလယ် အထိ ပြည်တွင်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆,၆၀၀ ကျော်ရှိပြီး သေဆုံးသူ ၃၀ ဦးရှိလာ

ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁၅ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆,၆၈၅ ဦးရှိပြီး သေဆုံးသူ ၃၀ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ပြောသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု အမြင့်ဆုံးနိုင်ငံစာရင်းတွင် ပါဝင်သော်လည်း ၂၀၂၃ ခုနှစ်တွင် ကူးစက်ခံရသူအရေအတွက်မှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ လျော့နည်းသွားကြောင်း၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးကာလမှာ မိုးရာသီဖြစ်ပြီး အထူးသဖြင့် ဇွန်လ၊ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် အများဆုံး ဖြစ်ပွားလေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ (Xinhua)