Connect with us

Media

ဆူဒန်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်က အရှေ့ပိုင်းနယ်မြေရှိ လေပိုင်နက်ကို ပြန်လည်ဖွင့်လှစ်

ခါတွန်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်က နိုင်ငံအရှေ့ပိုင်းနယ်မြေရှိ လေပိုင်နက် ဖြတ်သန်းသွားလာခွင့်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

“ဒီကနေ့ကစပြီး နိုင်ငံအရှေ့ပိုင်းနယ်မြေမှာ လေကြောင်းဖြတ်သန်းသွားလာရန် လေပိုင်နက် ပြန်လည်ဖွင့်လှစ်ကြောင်း ကြေညာချက်ကို ဆူဒန် မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်” ဟု ခါတွန် အပြည်ပြည်ဆိုင်ရာလေဆိပ်က ဩဂုတ် ၁၅ ရက် ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က ဆူဒန်နိုင်ငံ အရှေ့ပိုင်း Port Sudan မြို့တွင် လေကြောင်းတည်နေရာပြ စင်တာ ဖွင့်လှစ်ကြောင်းလည်း ကြေညာခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဧပြီလလယ်ပိုင်းတွင် ဆူဒန်စစ်တပ်နှင့် Rapid Support Forces တို့ကြား ပဋိပက္ခများဖြစ်ပွားခဲ့ရာ လေဆိပ်အနီး နှစ်ဖက်တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် ခါတွန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေကြောင်းတည်နေရာပြစနစ်များ ထိခိုက်ခဲ့သဖြင့် ဆူဒန်လေပိုင်နက်ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ ခါတွန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်း ပိတ်ထားခဲ့သည်။ နိုင်ငံအတွင်းမှ ထွက်ခွာရန် သံတမန်များနှင့် နိုင်ငံခြားသားများအနေဖြင့် မြို့တော် ခါတွန် အနောက်မြောက်ဘက် Omdurman မြို့ရှိ စစ်တပ်၏ Wadi Seidna လေတပ်အခြေစိုက်စခန်း၏ လေဆိပ်ငယ်ကို အသုံးပြုခဲ့ကြကြောင်း သိရသည်။

အခြားနိုင်ငံများကမူ ခါတွန်မြို့ အရှေ့ဘက် ကီလိုမီတာ ၈၀၀ ကျော်အကွာ၊ ပင်လယ်နီပြည်နယ်ရှိ Port Sudan အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အသုံးပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
Sudan’s civil aviation authority opens airspace in eastern sector
KHARTOUM, Aug. 16 (Xinhua) — Sudan’s Civil Aviation Authority reopened air traffic airspace in the country’s eastern sector.
“The Sudanese Civil Aviation Authority issued a notice to open the airspace for air traffic in the country’s eastern sector as of today,” said a statement by Khartoum International Airport on Tuesday.
The statement said the authority announced the launching of an alternative air navigation center in the eastern city of Port Sudan.
Sudan’s airspace has been closed since the outbreak of the clashes between the Sudanese Armed Forces and the paramilitary Rapid Support Forces in mid-April, as air navigation systems at Khartoum International Airport were affected by the conflict between the two fighting factions near the airport.
Since then, Khartoum International Airport has been out of service. To evacuate the country, diplomats and foreign nationals have used a small airport affiliated with the army’s Wadi Seidna Air Base in Omdurman City, northwest of the capital Khartoum.
Other countries used Port Sudan International Airport in the Red Sea State, more than 800 km east of Khartoum.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.