Connect with us

Media

တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံး CERES-1 Y8 ဒုံးပျံဖြင့် ဂြိုဟ်တုအသစ် လွှတ်တင်

ကျိုချွမ်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ CERES-1 Y8 သယ်ဆောင်ရေးဒုံးပျံ တစ်စင်း လွှတ်တင်ခဲ့ပြီး ဂြိုဟ်တုအသစ်တစ်စင်းကို သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဩဂုတ် ၂၅ ရက်က ပို့လွှတ်ခဲ့ကြောင်း သိရသည်။
Jilin-1 Kuanfu 02A ဂြိုဟ်တုကို သယ်ဆောင်ထားသော အဆိုပါ စီးပွားရေးလုပ်ငန်းသုံး ဒုံးပျံအား ပေကျင်းစံတော်ချိန် နေ့လယ် ၁၂:၅၉ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့လွှတ်တင်မှုသည် CERES-1 ဒုံးပျံစီးရီး၏ ၈ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်လည်းဖြစ်သည်။ (Xinhua)

……………………………………..
(English Version)
China’s commercial CERES-1 Y8 rocket launches new satellite
China on Friday launched a CERES-1 Y8 carrier rocket from the Jiuquan Satellite Launch Center in northwest China, sending one new satellite into a planned orbit.
The commercial rocket blasted off at 12:59 p.m. (Beijing Time) from the launch site, carrying the Jilin-1 Kuanfu 02A satellite.
The launch was the 8th flight mission using the CERES-1 rocket series.