Connect with us

Media

တရုတ်နိုင်ငံ ပေပုပင်လယ်ကွေ့ဆိပ်ကမ်းက ၈ လတာအတွင်း ကုန်စည်ဖြတ်သန်းစီးဆင်းမှု တန်ချိန် သန်း ၂၀၀ ကျော်ရှိ

နန်နင်း ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ယခုနှစ် ပထမ ၈ လတာအတွင်း တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပေပုပင်လယ်ကွေ့ ဆိပ်ကမ်း၏ ကုန်စည်ဖြတ်သန်းစီးဆင်းမှုသည် တန်ချိန် သန်း ၂၀၀ ကျော်ရှိပြီး ယခင်နှစ်ကထက် ၁၁.၃၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကွမ်ရှီးဒေသရှိ ပေပုပင်လယ်ကွေ့ဆိပ်ကမ်းသည် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ပူးတွဲတည်ဆောက်သည့် ကုန်သွယ်ရေးနှင့် ဖြတ်သန်းသွားလာရေးလမ်းကြောင်းတစ်ခု ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြံတွင် အရေးကြီးသော ဖြတ်သန်းသွားလာရာနေရာတစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
China’s Beibu Gulf Port sees over 200 mln tonnes cargo throughput in Jan-Aug
In the first eight months of this year, the cargo throughput of Beibu Gulf Port in south China’s Guangxi Zhuang Autonomous Region exceeded 200 million tonnes, up 11.35 percent year on year, the port operator said.
Guangxi’s Beibu Gulf Port is an important transit point in the New International Land-Sea Trade Corridor, a trade and logistics passage jointly built by western Chinese provincial regions and ASEAN members.
Xinhua News Agency correspondents reporting from Nanning, China.(XHTV)