Connect with us

Media

(၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ပါဝင်ပြသမည်

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင်ကျင်းပမည့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 20th China-ASEAN Expo)တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၁၃ ရက်တွင်ပြောသည်။

အဆိုပါ (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာထိန်လင်းက “မြန်မာနိုင်ငံက ကုမ္ပဏီပေါင်း ၇၅ ခုကနေ လယ်ယာထွက်ကုန်၊ စားသောက်ကုန်၊ ရေထွက်ကုန်၊ ကျောက်မျက်ရတနာ အချောလုပ်ငန်းတွေကို ဒီကုန်စည်ပြပွဲမှာ ပြသသွားမှာပါ။ အခုလိုပြပွဲတွေမှာ သွားရောက်ပြသတဲ့အတွက် မြန်မာ့ထွက်ကုန်တွေက တရုတ်ဈေးကွက်သာမက အာဆီယံဈေးကွက်တွေကိုပါ ဝင်ရောက်ထိုးဖောက်ဖို့အတွက် အချိတ်အဆက်တွေရရှိစေနိုင်မှာဖြစ်ပါတယ်” ဟုပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်တရုတ်နိုင်ငံတွင် ကျင်းပသည့် ကုန်စည်ပြပွဲများ၌ အမြဲသွားရောက်ပြသလေ့ရှိပြီး၊ နောင်ကျင်းပမည့် ရှန်ဟိုင်းကုန်စည်ပြပွဲ၊ လားရှိုး-လန်ချန်း ကုန်စည်ပြပွဲ၊ ရွှေလီမူဆယ်ကုန်စည်ပြပွဲများတွက် မြန်မာနိုင်ငံမှ သွားရောက်ပြသသွားမည်ဖြစ်ကြောင်း ဒေါက်တာထိန်လင်း၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117