Connect with us

Media

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်က ဒဏ်ရာရထားသော ဖိလစ်ပိုင်ငါးဖမ်းသမားများကို ကယ်ဆယ်

ကျန့်ကျန်း ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်သင်္ဘောက ဖိလစ်ပိုင်ငါးဖမ်းသမားနှစ်ဦးကို မကြာသေးမီက ကယ်ဆယ်ခဲ့ရကြောင်း တရုတ် အာဏာပိုင်များက ပြောကြားခဲ့သည်။
PLA ရေတပ်သင်္ဘော Aba သည် နန်ရှားကျွန်းစု အရှေ့ပိုင်း ပင်လယ်ရေကြောင်းဇုန်အတွင်း ခုတ်မောင်းနေစဉ် အကူအညီလိုအပ်နေသော ဖိလစ်ပိုင် ငါးဖမ်းသမားနှစ်ဦးက ချဉ်းကပ်လာခဲ့ကြောင်း PLA တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး ရေတပ်နှင့် တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ တောင်တရုတ်ပင်လယ်ဌာန ပြောကြားချက်အရ သိရသည်။

ငါးဖမ်းသမားနှစ်ဦးအနက် တစ်ဦးမှာ သင်္ဘောဒလက်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိ သွေးထွက်လွန်နေကြောင်း၊ PLA ရေတပ် ဆေးတပ်ဖွဲ့ဝင်များက ဒဏ်ရာများကို စစ်ဆေးပြီး ထပ်မံကုသပေးရန် သင်္ဘောပေါ်သို့ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

သင်္ဘောပေါ်တွင် PLA ရေတပ် ဆေးတပ်ဖွဲ့ဝင်များ ငါးဖမ်းသမားများ၏ ဒဏ်ရာများကို သန့်ရှင်းပေးခဲ့ပြီး သွေးတိတ်အောင် လုပ်ဆောင်ခဲ့ကာ ဒဏ်ရာများကို ပတ်တီးစည်းပေးခဲ့သည်။ ထို့ပြင် ငါးဖမ်းသမားများကို အစားအသောက်နှင့် သောက်သုံးရေ၊ ပဋိဇီဝဆေးဝါးများနှင့် အနာသက်သာဆေးများ အပါအဝင် ကျန်းမာရေး အထောက်အပံ့ပစ္စည်းများလည်း ပံ့ပိုးပေးခဲ့သည်။

ထို့နောက် အဆိုပါ ငါးဖမ်းသမားများကို ဖိလစ်ပိုင်ဘက်ခြမ်းသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က နှစ်နိုင်ငံကြား အရေးပေါ်ကမ်းခြေစောင့် ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် အခြေအနေများကို ဖိလစ်ပိုင်ဘက်ခြမ်းထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
PLA navy rescues wounded Philippine fisherman
A Chinese People’s Liberation Army (PLA) naval vessel recently rescued two Philippine fishermen, said Chinese authorities.
According to the PLA Southern Theater Command Navy and the South China Sea division of the China Coast Guard, the PLA naval vessel Aba was approached by two Philippine fishermen seeking help during its cruise in the eastern maritime zone of the Nansha Islands.
One of the fishermen suffered wounds inflicted by propeller blades and was losing blood. PLA naval medics examined the wounds and brought the fisherman aboard for further treatment.
On board the vessel, PLA naval medics cleansed the fisherman’s wounds, stopped the bleeding, and bandaged the wounds. The vessel also provided the fishermen with food and medical supplies, including drinking water, antibiotics and painkillers.
The crew later transferred the fishermen to the Philippine side. Meanwhile, the China Coast Guard informed the Philippine side of the situation via the coast guard communication hotline between the two countries.
Xinhua News Agency correspondents reporting from Zhanjiang, China.(XHTV)