Connect with us

Media

ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်တွင် ခရီးသည်တင်ရထားနှင့် ကုန်တင်ရထားတိုက်မိ၊ ခရီးသည် ၂၉ ဦးထိခိုက်ဒဏ်ရာရရှိ

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ခရီးသည်တင်ရထားတစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ခရီးသည် ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ကယ်ဆယ်ရေးအဖွဲ့ဖြစ်သော Rescue 1122 မှ သိရသည်။အဆိုပါ ဖြစ်စဉ်မှာ ဒေသစံတော်ချိန် နံနက် (၄:၃၀)နာရီတွင် ပန်ဂျပ်ပြည်နယ်၊ Sheikhupura ခရိုင်ရှိ မီးရထားဝန်ထမ်းများ၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်မြို့တော် လာဟိုးရှိ Rescue 1122 ဌာနချုပ်မှ တာဝန်ခံ Muhammad Ateeq က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ “ရထားဝန်ထမ်းတွေက ခရီးသည်ရထားအတွက် ရထားလမ်းကြောင်းပြောင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ရထားက ကုန်တင်ရထားရပ်ထားတဲ့ သံလမ်းအတိုင်း ဆက်သွားနေခဲ့တာပါ” ဟု Ateeq ကပြောသည်။အဆိုပါခရီးသည်တင်ရထားသည် အရှိန်နည်းနည်းဖြင့် ခုတ်မောင်းလာခဲ့ခြင်းကြောင့် မတော်တဆမှုဖြစ်စဉ်တွင် ပြင်းထန်မှု နည်းပါးခဲ့ပြီး လူအများစုမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။ “ဒဏ်ရာရရှိသူ ၂၇ ဦးကို အခင်းဖြစ်ပွားတဲ့နေရာမှာတင် ရှေးဦးသူနာပြုစုနည်းနဲ့ ကုသပေးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ နှစ်ဦးကိုတော့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။အဆိုပါနေရာ၌ မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို အဖွဲ့တစ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပြီး မီးရထားဝန်ထမ်းများ၏ ပေါ့ဆမှုကြောင့် ဖြစ်ကြောင်း ပေါ်ပေါက်လာပါက တင်းတင်းကျပ်ကျပ် အရေးယူမည်ဖြစ်ကြောင်း ပါကစ္စတန်မီးရထားမှ သတင်းအရင်းအမြစ်များက ဆင်ဟွာသို့ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(English Version)
29 injured as passenger train hits into cargo train in Pakistan’s Punjab
ISLAMABAD, Sept. 24 (Xinhua) — Twenty-nine people were injured when a passenger train collided with a cargo train in Pakistan’s east Punjab province on Sunday morning, state-run rescue organization Rescue 1122 said.
The incident happened at 4:30 a.m. (local time) due to possible negligence of the railway staff in Sheikhupura district of the province, Muhammad Ateeq, shift-in-charge of Rescue 1122 Headquarters in the provincial capital of Lahore, told Xinhua.
“The railway staff failed to switch the track for the passenger train and it kept moving on the track where the cargo train was already parked,” Ateeq said.
The passenger train was running at a low speed, which led to the low intensity of the crash, and most of the people got minor injuries in the accident, he added.
“Twenty-seven injured people were administered first-aid at the site while two critically injured were shifted to hospital,” he added.
Talking to Xinhua, sources from Pakistan Railways said that a team was investigating the cause of the accident at the site, and strict action will be taken if it turns out to be the negligence of the railway staff. Enditem