Connect with us

Media

နိုင်ငံတကာက အပစ်အခတ်ရပ်စဲရေး တိုက်တွန်းနေသော်ငြားလည်း ဂါဇာတွင် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မည်ဟု အစ္စရေးပြော

ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

နိုင်ငံတကာက အပစ်အခတ်ရပ်စဲရေး တိုက်တွန်းနေသော်ငြားလည်း အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတည်နေရာကို စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်သွားမည်ဟု အစ္စရေးခေါင်းဆောင်များက အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်ကို ဒီဇင်ဘာ ၁၄ ရက်၌ ပြောကြားခဲ့သည်။
ကုလသမဂ္ဂက ဂါဇာတွင် အစ္စရေးတိုက်ခိုက်မှုများ ဆက်လက်တိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးမှု မြင့်တက်လာခြင်းနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီးနောက် ဆူလီဗန်က အစ္စရေးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဆူလီဗန်နှင့် တွေ့ဆုံစဉ် အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က ဟားမက်စ်နှင့် စစ်ပွဲမှာ “ကာလရှည်ကြာမြင့်နိုင်ပြီး လပေါင်းများစွာလည်း ရှိနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။၎င်းတို့နှစ်ဦးသည် တဲလ်အဗီးမြို့ရှိ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ကာ ဂါဇာတွင် အစ္စရေးတိုက်ခိုက်မှု၊ လက်ဘနွန်နှင့် နယ်စပ်ပဋိပက္ခ၊ ဂါဇာတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သော ဓားစာခံများစွာ စသည်တို့အား ဆွေးနွေးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် ဆူလီဗန်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့်လည်း တွေ့ဆုံခဲ့ပြီး အမေရိကန်က အစ္စရေးအတွက် လက်နက်ခဲယမ်းများ ကူညီခြင်း၊ တိုက်ခိုက်မှုများ ရပ်တန့်ရေးကုလသမဂ္ဂတွင် ကြိုးပမ်းမှုများကို တားမြစ်ခြင်းနှင့် ဓားစာခံများနေရပ်ပြန်ရေးအတွက် အကူအညီ ပေးအပ်ခြင်းအတွက် ကျေးဇူးတင်ကြောင်း နေတန်ယာဟုက ဆူလီဗန်အား ပြောကြားခဲ့သည်။ (Xinhua)

…………………………
(English Version)
Israel says to continue Gaza offensive despite int’l calls for ceasefire
JERUSALEM, Dec. 14 (Xinhua) — Israeli leaders told U.S. National Security Advisor Jake Sullivan on Thursday that Israel will continue its military offensive in the Palestinian enclave of Gaza Strip, despite the international calls for a ceasefire.
Sullivan was in Israel for meetings with officials as the United States voiced its concerns about the rising civilian casualties in the continued Israeli strikes on Gaza.
Speaking to the press alongside Sullivan, Israeli Defense Minister Yoav Gallant said that the war against Hamas “will require a long period — it will last more than several months.”
The two met in the Israeli Defense Ministry in Tel Aviv to discuss the Israeli offensive in Gaza, its border conflict with Lebanon, and dozens of hostages remain kept in Gaza, according to a statement released by the Israeli Defense Ministry.
Later, Sullivan met with Israeli Prime Minister Benjamin Netanyahu, who thanked the U.S. for its “support for Israel in the supply of munitions, in blocking the attempts at the UN to stop the fighting, and in the assistance in returning our hostages.”