Connect with us

Media

အစ္စရေးတပ်ဖွဲ့များ သုံးရက်ကြာစစ်ဆင်ရေးပြီးနောက် ဂျီနင်မြို့မှ ပြန်လည်ရုပ်သိမ်း

ဂါဇာ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အစ္စရေးတပ်ဖွဲ့ဝင်များသည် သုံးရက်ကြာစစ်ဆင်ရေးကြီး အဆုံးသတ်ပြီးနောက် West Bank မြောက်ပိုင်း ဂျီနင်မြို့နှင့် ဒုက္ခသည်စခန်းမှ တပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၁၄ ရက်က ရုပ်သိမ်းခဲ့ကြောင်း ပါလက်စတိုင်း လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အဆိုပါ စစ်ဆင်ရေးအတွင်း အစ္စရေးတပ်ဖွဲ့ဝင်များသည် နေအိမ်အမြောက်အမြားကို တိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်း ဒါဇင်နှင့်ချီ၍ ဖမ်းဆီးခဲ့ကြောင်း ပါလက်စတိုင်း လုံခြုံရေးနှင့် ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။
ထိုစစ်ဆင်ရေးတွင် ပါလက်စတိုင်း ၁၂ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အစ္စရေး စစ်တပ်ကလည်း ဂျီနင်မြို့တွင် တပ်ဖွဲ့ဝင်များက “အဆောက်အဦစစ်တမ်းများ ကောက်ယူခြင်းလုပ်ငန်း” ဆောင်ရွက်နေစဉ် ပါလက်စတိုင်စစ်သွေးကြွများက သေနတ်ပစ်ခတ်ခြင်းနှင့် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း ပြောခဲ့သည်။ (Xinhua)

……………………………….
(English Version)
Israeli forces withdraw from Jenin after 3-day operation
The Israeli forces pulled out on Thursday from the northern West Bank city of Jenin and its refugee camp, ending three days of a large-scale military operation, Palestinian security sources said.
During the operation, the Israeli forces raided hundreds of homes and arrested dozens of Palestinians, according to Palestinian security and local sources.
The military operation has left 12 Palestinians dead, the Palestinian health ministry said in a statement.
The Israeli military said its troops came under gunfire and explosive attacks by Palestinian militants while conducting “building surveys” in Jenin, prompting them to respond.