Connect with us

Media

တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ ဟော့အယ်ကောစစ်စခန်းက ၂၀၂၃ ခုနှစ်အတွင်း မော်တော်ယာဉ်အစီးရေ ၃၀၀,၀၀၀ ကျော် တင်ပို့

ဟော့အယ်ကောစစ်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟော့အယ်ကောစစ် အဝေးပြေးစခန်းက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်အထိ ခွင့်ပြုချက်ရရှိပြီး လုပ်ငန်းသုံးမော်တော်ယာဉ်အစီးရေ ၃၀၀,၀၀၀ ကျော် ရှိကြောင်း ဟော့အယ်ကောစစ် အကောက်ခွန်ရုံး၏ စာရင်းများအရ သိရသည်။

ယင်းအရေအတွက်မှာ ယခင်နှစ်ကထက် ၂၅ ရာခိုင်နှုန်း တိုးလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဟော့အယ်ကောစစ်စခန်းက နေ့စဉ်တင်ပို့မှုပမာဏ အမြင့်ဆုံး အစီးရေ ၁,၃၀၂ စီးအထိ ရောက်ရှိလာခြင်းနှင့်အတူ ၂၀၂၃ ခုနှစ် အစပိုင်းမှစ၍ အလုံးစုံမော်တော်ယာဉ်တင်ပို့မှုက မြင့်တက်လာခဲ့သည်။ တင်ပို့ခဲ့သည့် မော်တော်ယာဉ်အမှတ်တံဆိပ်များတွင် BYD ၊ Changan ၊ Chery ၊ Yutong ၊ Zeekr နှင့် အခြား လူသိများသော ပြည်တွင်းအမှတ်တံဆိပ်များ ပါဝင်ကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
Horgos Port in China’s Xinjiang sees over 300,000 vehicle exports in 2023
The number of cleared commercial vehicles at the Horgos highway port in northwest China’s Xinjiang Uygur Autonomous Region has exceeded 300,000 in 2023 as of December 30, statistics from the Horgos Customs showed.
The figure marks a 25 percent increase from the previous year.
The port has witnessed a surge in the export of complete vehicles since the beginning of 2023, with the highest daily export volume reaching 1,302 units. The exported vehicle brands include well-known domestic names such as BYD, Changan, Chery, Yutong, Zeekr, and others.
Xinhua News Agency correspondents reporting from Horgos, China.(XHTV)