Connect with us

Media

ရွှေတံဆိပ်ဆုရရှိခဲ့သည့် ခြင်းလုံးကစားသမားများ ပါဝင်သော ပိုက်ကျော်ခြင်းပြိုင်ပွဲ ရန်ကုန်မြို့၌ကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ပိုက်ကျော်ခြင်း အားကစားဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားသစ်များ ပေါ်ပေါက်စေရေးရည်ရွယ်ကာ ၂၀၂၄ ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်က ကြီးမှူးပြီး ဇန်နဝါရီ ၂၁ ရက်မှ ဇန်နဝါရီ ၂၈ ရက်အထိ ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းတွင် ကျင်းပလျှက်ရှိသည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသား အသင်း ၆ သင်း နှင့် အမျိုးသမီး အသင်း ၄ သင်းတို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖိတ်ခေါ်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၃ မျိုးပါဝင်ပြီး အမျိုးသား ၃ ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး ၃ ယောက်တွဲ ပြိုင်ပွဲ နှင့် အမျိုးသား ၄ ယောက်တွဲ ပွဲစဉ်များ ထည့်သွင်းကျင်းပမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲအတွင်း ရွှေတံဆိပ်ဆုရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ၆ ဦးလည်း ပါဝင်ယှဉ်ပြိုင်မည်ဟု မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် အတွင်းရေးမှူး ကိုဇော်လင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၂၁ ရက်တွင် ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117