Connect with us

Media

ဘေရွတ်မြို့တွင် လက်ထောက်ခေါင်းဆောင်သေဆုံးပြီးနောက် ဟားမက်စ်က အစ္စရေးနှင့် ဆွေးနွေးမှုများ ရပ်ဆိုင်းကြောင်း ကြေညာ

ဂါဇာ/ဘေရွတ်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံတွင် ဇန်နဝါရီ ၂ ရက် ညနေပိုင်း၌ အစ္စရေးတိုက်ခိုက်မှုအတွင်း ဟားမက်စ်အဖွဲ့ ဒုတိယခေါင်းဆောင် Saleh al-Arouri သေဆုံးခဲ့ပြီးနောက် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းလိုက်သည်ဟု ဟားမက်စ်က ကြေညာခဲ့ကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်က ဆင်ဟွာအား ပြောကြားခဲ့သည်။

“ဆွေးနွေးညှိနှိုင်းမှုတွေကို ရပ်ဆိုင်းလိုက်ကြောင်း ကာတာနဲ့ အီဂျစ်မှာရှိတဲ့ ညီအစ်ကိုတွေကို အသိပေးလိုက်ပါတယ်” ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်က ဆိုသည်။ ကာတာနှင့် အီဂျစ် နိုင်ငံများက အစ္စရေးနှင့် ဟားမက်စ်ကြား အပစ်အခတ်ရပ်စဲရေး ကြားဝင်စေ့စပ်ပေးနေကြခြင်းဖြစ်သည်။
ဟားမက်စ်အနေဖြင့် အစ္စရေးနှင့် စစ်မက်ဖြစ်ပွားမှုအတွင်း ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲနိုင်မည့် မည်သည့်ဆွေးနွေးမှုမျိုးကိုမဆို ပယ်ချကြောင်း၊ ပါလက်စတိုင်း ခေါင်းဆောင်များအား အစ္စရေး၏ ရန်စ လုပ်ကြံမှုအစီအစဉ်များ အရှိန်မြင့်လာခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဖြည့်စွက်ပြောခဲ့သည်။

ဟားမက်စ် ပေါ်လစ်ဗျူရို ဒုတိယအကြီးအကဲ al-Arouri ၏ လက်ထောက်များစွာသည်လည်း လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ် တောင်ပိုင်း၊ ဆင်ခြေဖုန်းရှိ ဟားမက်စ်ရုံးခန်းကို ပစ်မှတ်ထားသည့် အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း ဟားမက်စ်သတင်းရင်းမြစ်က ဆင်ဟွာကို အစောပိုင်း၌ ပြောကြားခဲ့သည်။

အစ္စရေးတိုက်ခိုက်မှုအတွင်း ဟားမက်စ်အဖွဲ့ဝင် ၇ ဦး သေဆုံးကြောင်း ဟားမက်စ်က အတည်ပြုခဲ့ပြီး ထိုအပြုအမူမှာ “ရက်စက်ကြမ်းကြုတ်သော” အကြမ်းဖက်လုပ်ရပ်များ၊ လက်ဘနွန်၏ အချုပ်အခြာအာဏာကို ထိပါးခြင်းနှင့် ပါလက်စတိုင်းနှင့် လက်ဘနွန်ပြည်သူများအား အစ္စရေး၏ ကျူးကျော်ရန်စမှု ချဲ့ထွင်မှုလည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဟားမက်စ်က ပြစ်တင်ဝေဖန်ထားသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အစ္စရေးဘက်က ချက်ချင်းမှတ်ချက်ပြုပြောထားခြင်းမရှိသေးသော်လည်း အစ္စရေးနိုင်ငံအနေဖြင့် ဟားမက်စ် သို့မဟုတ် အီရန်ကျောထောက်နောက်ခံပြုထားသော ၎င်းတို့၏မဟာမိတ် ဟစ်ဇ်ဘိုလာတို့က အစ္စရေးမြို့များအပေါ် လက်နက်ပစ်ခတ်မှုများကို အရေးတကြီး လက်တုံ့ပြန်ရေးအတွက် သတိပေးချက်မြှင့်တင်ထားသည်ဟူသော အဆင့်မြင့်အရာရှိများ၏ ပြောကြားချက်အား ကိုးကား၍ အစ္စရေးမီဒီယာများက သတင်းဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
Hamas freezes talks with Israel after deputy leader killed in Beirut
GAZA/BEIRUT, Jan. 2 (Xinhua) — Hamas announced a freeze on ceasefire negotiations with Israel after the faction’s deputy chief, Saleh al-Arouri, was killed Tuesday evening in an Israeli attack in Lebanon, a Palestinian source told Xinhua.
“We have informed the brothers in Qatar and Egypt of the freezing of negotiations,” the source said on condition of anonymity. Qatar and Egypt have been mediating a ceasefire between Israel and Hamas.
The source added that Hamas, at war with Israel, rejected any talks about reaching a ceasefire in the Gaza Strip amid escalated Israeli aggression and “assassination schemes” against Palestinian leaders.
Earlier, a Hamas source told Xinhua that several aides of al-Arouri, deputy head of the Hamas politburo, were also killed in the Israeli attack targeting a Hamas office in the southern suburb of the Lebanese capital of Beirut.
In a statement, Hamas confirmed that seven of its members were slain in the Israeli attack, slamming it as a “barbaric and heinous” terrorist act, a violation of Lebanon’s sovereignty, and an expansion of Israeli aggression against Palestine and its people.
There was no immediate comment from Israel on the incident, but Israeli media, citing senior officials, said that the country was on high alert against “a significant retaliation” by Hamas or its Iranian-backed ally, Hezbollah, including the launching of precision weapons at Israeli cities.