Connect with us

Media

ရုရှားသမ္မတရွေးကောက်ပွဲ ဆန္ဒမဲပေးမှုစတင်

မော်စကို၊ မတ် ၁၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Kamchatka ၊ Chukotka နှင့် အခြားနယ်မြေများအပါအဝင် အရှေ့ဖျားဒေသတွင် ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် မတ် ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီမှစတင်ကာ ရုရှားဆန္ဒမဲပေးသူများက ဆန္ဒမဲပေးခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။

သမ္မတနေရာအတွက် လက်ရှိသမ္မတနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဗလာတီမာပူတင် ၊ လစ်ဗရယ်ဒီမိုကရက်တစ်ပါတီက Leonid Slutsky ၊ ရုရှားကွန်မြူနစ်ပါတီက Nikolai Kharitonov နှင့် New People ပါတီက Vladislav Davankov စသည့် ကိုယ်စားလှယ်လောင်း လေးဦးက ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံက မတ် ၁၅ ရက်မှ ၁၇ ရက်အတွင်း ဒေသစံတော်ချိန် နံနက် ၈ နာရီမှ ည ၈ နာရီအထိ မဲရုံပေါင်း ၉၀,၀၀၀ ကျော် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)
Voting starts in Russian presidential election
Russian voters started to hit the polls for the 2024 presidential election in the Far East region, including Kamchatka, Chukotka and other areas at 8 a.m. Friday local time.
Four candidates will vie for the top position: Leonid Slutsky of the Liberal Democratic Party, Nikolai Kharitonov of the Russian Communist Party, Vladislav Davankov of the New People Party, and Vladimir Putin, the incumbent president and an independent candidate.
Russia has set up more than 90,000 polling stations operating from 8 a.m. to 8 p.m. local time between March 15 and 17.
Xinhua News Agency correspondents reporting from Moscow. (XHTV)