Connect with us

Media

ခေတ်အဆက်ဆက် အပြန်အလှန်ဖေးမကူညီကြသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဖြင့် သဘာဝဘေးဒဏ်ကို စိတ်တူကိုယ်တူ တိုက်ဖျက်မည်

နေပြည်တော်၊ ရန်ကုန် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

တရုတ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) နှင့် တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်း (CMECDPA) တို့သည် ဧပြီ ၂ ရက်က အတူလက်တွဲ၍ နေပြည်တော်နှင့် မန္တလေး ငလျင်ဒဏ်သင့်ဒေသ ပြည်သူလူထုအား ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဘီစကွတ်၊ နေရောင်ခြည်စွမ်းအင်သုံး အလင်းပေးမီး၊ တစ်ခါသုံးတဘက်၊ ပိုးသတ်ဆေးရည်၊ ပိုးသတ် လက်သန့်ဆေးရည်၊ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်းနှင့် ပဋိဇီဝဆေး စသည့် ပစ္စည်းများအပါအဝင် အခြားအထောက်အပံ့ပစ္စည်းများအား ကူညီပံ့ပိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်ဒဏ်သင့်ပြည်သူများအနေဖြင့် အခက်အခဲများ ဆောလျင်စွာ ကျော်လွှားနိုင်စေရန် စေတနာအရင်းခံကာ တရုတ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) ၏ မြန်မာနိုင်ငံအခြေစိုက်ရုံးက မြန်မာနိုင်ငံ လူမှုအဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ကပ်ဘေးဒဏ်သင့်ဒေသ ကူညီကယ်ဆယ်ရေးလှုပ်ရှားမှုများကို အတူလက်တွဲလုပ်ဆောင်ခဲ့သလို တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်း (CMECDPA) နှင့်အတူ ရန်ပုံငွေများ စုစည်းကာ အထောက်အပံ့ပစ္စည်းများ ဝယ်ယူခဲ့ပြီး China FAW Jiefang Group International Automobile Co., Ltd. ၏ ကူညီပံ့ပိုးမှုဖြင့် နေပြည်တော်၊ မန္တလေးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117