Connect with us

Media

CITIC Myanmar နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့ အတူလက်တွဲ၍ မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများသို့ အလျင်အမြန် သွားရောက် ကူညီ

နေပြည်တော်၊ မန္တလေး၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

CITIC Myanmar နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Rural Development) တို့သည် ဧပြီ ၁ ရက်က အတူလက်တွဲ၍ နေပြည်တော်နှင့် မန္တလေး ဒေသနှစ်ခုသို့ သွားရောက်ကာ မတ် ၂၈ ရက် ငလျင်ဒဏ်ကြီး ခံစားခဲ့ရသည့် ပြည်သူများအား ပထမအသုတ် အထောက်အပံ့ပစ္စည်းများ သွားရောက်ပေးဝေခဲ့ခြင်းဖြင့် ကပ်ဘေးဒဏ်သင့်ဒေသသို့ ခင်မင်နွေးထွေးမှုများ ဆောင်ကြဉ်းပေးခဲ့သည်။ ထို့နောက် မကြာမီတွင်ပင် နောက်ထပ်အထောက်အပံ့ပစ္စည်းများ ဆက်တိုက် ရောက်ရှိလာခဲ့သည်။ ယခုအကြိမ်လှုပ်ရှားမှုတွင် ကပ်ဘေးကယ်ဆယ်ရေး ရွက်ဖျင်တဲ၊ ရေသန့်ပုံး၊ ခေါက်ဆွဲခြောက်၊ ပေါင်မုန့်၊ ခြင်ထောင်နှင့် ခြင်ဆေး၊ မီးစက် စသည့် ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

မတ် ၂၈ ရက်၌ လှုပ်ခတ်ခဲ့သည် ငလျင်ကြီးသည် မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၁၀၀ ခန့်ကာလအတွင်း ဖြစ်ပွားခဲ့သည့် အပြင်းထန်ဆုံးငလျင်ကြီးဖြစ်ပြီး မန္တလေး၊ နေပြည်တော် စသည့် ဒေသများတွင် လူသေဆုံး ဒဏ်ရာရမှုနှင့် ဥစ္စာပစ္စည်းဆုံးရှုံးမှု ဆိုးရွားစွာ ဖြစ်ပွားခဲ့သည်။ ကပ်ဘေးအလွန် နောက်ဆက်တွဲ ငလျင်များ မကြာခဏ လှုပ်ခတ်ခြင်း၊ ရေနှင့်မီး ပြတ်တောက်ခြင်း၊ ဆက်သွယ်ရေးအခက်အခဲဖြစ်ခြင်း၊ အပူချိန် ၄၀ ဒီဂရီနီးပါးနှင့် ခြင်ပေါများခြင်း စသည်တို့က ငလျင်ဒဏ်သင့် ပြည်သူလူထု၏ နေထိုင်မှုဘဝကို အလွန်ဆိုးရွားစွာ ခက်ခဲစေသလို ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းများ ပြတ်တောက်ပြီး သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့မှု မရှိခြင်းက ငလျင်ဘေးအလွန် ပြန်လည်တည်ဆောက်ရေးအတွက် ကြီးမားသော ဧရာမ ကြီးမားသည့်စိန်ခေါ်မှု ဖြစ်စေသည်။

ငလျင်ဒဏ်ခံစားရသည့် ပြည်သူများ၏ ဒုက္ခအခက်အခဲနှင့်ထပ်တူ ခံစားကာ CITIC Myanmar နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Rural Development) တို့သည် ပထမဆုံးအချိန်တွင်ပင် လူသားချင်းစာနာမှုအကူအညီ အရေးအပေါ်စနစ်ကို စတင်ခဲ့ပြီး ကပ်ဘေးကယ်ဆယ်ရေးသုံး ရွက်ဖျင်တဲများကို တရုတ်နိုင်ငံပြည်တွင်းမှဝယ်ယူကာ လေကြောင်းဖြင့် ရန်ကုန်သို့ ပို့ဆောင်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ယင်းဒေသ၌ အရေးပေါ် အထောက်အပံ့ပစ္စည်းများကို အချိန်လု၍ စုစည်းခဲ့ကြောင်း သိရသည်။ မတ် ၃၁ ရက် နံနက်ပိုင်းတွင် နှစ်ဖက်အဖွဲ့များက ရန်ကုန်မှ နေပြည်တော်နှင့် မန္တလေးသို့ အရေးပေါ် အလျင်အမြန် သွားရောက်ပြီး ငလျင်ဒဏ်သင့်နေရာတွင် စီမံဆောင်ရွက်ခဲ့ကြောင်း၊ ပထမအသုတ် အရေးပေါ် အထောက်အပံ့ပစ္စည်းများသည် ဧပြီ ၁ ရက် တွင် ရောက်ရှိခဲ့ပြီးနောက် အမြန်ဆုံးနှုန်းဖြင့် ဝေငှပေးနိုင်ခဲ့ရာ ငလျင်ဒဏ်သင့်ဒေသ၏ အပူတပြင်းအကျပ်အတည်းကို အထိုက်အလျောက် ဖြေလျှော့နိုင်ခဲ့သလို “မိတ်ဆွေများနှင့်အတူ ကျွန်ုပ်တို့အားလုံး ရှိနေမည်” ဟူသော ယုံကြည်ချက်ကို လက်ဆင့်ကမ်းပေးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117