Connect with us

Videos

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်ရခြင်းအကြောင်းရင်း စိစစ်နေဆဲဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၃နာရီခွဲတွင် စတင်လောင်ကျွမ်းခဲ့သော မီးလောင်မှုအကြောင်းရင်းကို စိစစ်နေကြောင်း ထူးကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ ဦးဌေးလွင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ မီးလောင်ကျွမ်းမှုသည် ဟိုတယ်၏ ငါးလွှာမှစတင်လောင်ကျွမ်းခဲ့ပြီး CCTV မှတ်တမ်းများ ရရှိလျှင်လည်းဆက်လက် စစ်ဆေးမည်ဖြစ်ပြီး လက်ရှိ၌ ဟိုတယ်မန်နေဂျာကို သက်ဆိုင်ရာက စစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ဟိုတယ်ရှိ ငါးထပ်တွင် မီးခိုးများစတင်တွေ့ရှိချိန်၌ ဟိုတယ်မန်နေဂျာသည် မီးငြိမ်းအောင် ကြိုးစားခဲ့သော်လည်း မီးမငြိမ်းသဖြင့် ဟိုတယ်အတွင်းတည်းခိုနေသူများအား ပထမဦးစားပေး ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ဟိုတယ် အမှုဆောင်အရာရှိချုပ် Mr Raymond J. Bragg က ပြောကြားသည်။ မီးလောင်ကျွမ်းစဉ် ဟိုတယ်တွင်းရှိ အခန်း၉၆ခန်းတွင် တည်းခိုနေသော ပြည်တွင်းပြည်ပ ဧည့်သည် ၁၄၁ယောက်ရှိကြောင်း၊ အဆိုပါ ဧည့်သည်များကို အခန်းတွင်းမှ အကုန်ထွက်ခိုင်းစဉ် ဧည့်သည်တစ်ဦး ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၏ ပင်မအဆောင်ကို မီးအာမခံထားရှိထားကြောင်း နှင့် အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး အာမခံကုမ္ပဏီမှ လာရောက် စစ်ဆေးနေပြီး တစ်ပတ်အတွင်း အာမခံရရှိနိုင်ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် နိုင်ငံခြားသားအမျိုးသားတစ်ဦးသေဆုံးပြီး နိုင်ငံခြားသားဧည့်သည်တစ်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးတို့ ဒဏ်ရာရရှိထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.