Connect with us

Videos

တရုတ်ကျိကုန်းပညာရှင် ထူးခြားသောအစွမ်းများဖြင့် ပရိသတ်၏အာရုံကိုဆွဲဆောင်

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

He Shusen ဆိုသူ တရုတ်လူမျိုး ကျိကုန်းပညာရှင်တစ်ဦးမှာ ဂီတတူရိယာများကို ပုံမှန်တီးခတ်ခြင်းမျိုးမဟုတ်ဘဲ တမူထူးခြားစွာ တီးခတ်ပြသနိုင်သည့်အပြင် ဆေးလိပ်ကို နားရွက်ဖြင့်သောက်ခြင်းကဲ့သို့သော ထူးခြားမှုများကိုလည်းဖန်တီးပြသခဲ့သည်။ နှဲကို နှာခေါင်းဖြင့် မှုတ်ပြခြင်း၊ လက်ဘက်ရည်ခွက်များမှ ဂီတသံများထွက်အောင်တီးခတ်ခြင်းစသဖြင့် ထူးခြားမှုများဖြင့် ၎င်း၏ စတန့်အစွမ်းကိုပြသခဲ့သည်။ ၎င်းပြသနေသည့် စတန့် ၏ လျှို့ဝှက်ချက်ကို စိတ်ဝင်စားသူများပြားခဲ့သည်။ မီးညှိထားသည့် ဆေးလိပ်ကို နားရွက်အတွင်း ထည့်သွင်းပြီး ပါးစပ်မှ မီးခိုးငွေ့များကို ပြန်ထုတ်ပြခြင်း ကိုလည်း ပရိသတ်များစွာက အားပေးခဲ့သည်။ ထူးခြားဆန်းပြားစွာပြုလုပ်သည့်အဆိုပါ video အားကြည့်ရှုသူများအနေဖြင့် လက်တည့်စမ်းသည့်သဘောဖြင့် လိုက်လံစမ်းသပ်မှုမပြုလုပ်ရန်အထူးသတိ ပေးထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.