Connect with us

Videos

တရုတ်နိုင်ငံတွင် နှစ်ပေါင်း ၂၅၀ ကြာ စုဆောင်းထိန်းသိမ်းထားသော ရှေးဟောင်းစာအုပ်များကို လက်ရေးမူဖြင့် မူပွားများ ပြုလုပ်

ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကျန်းစု (Jiangsu) စီရင်စုရှိ တီယန်နင်ဘုရားကျောင်းမှာ နှစ်ပေါင်း ၂၅၀ကြာ စုဆောင်းထိန်းသိမ်းထားသော ရှေးဟောင်းစာအုပ်များကို ရေရှည်တည်တံ့စေဖို့အတွက် လက်ရေးမူဖြင့် မူပွားပြုလုပ်ခြင်းများ ဆောင်ရွက်နေပါသည်။

အဆိုပါ စာအုပ်များကို ချင် (Qing)မင်းဆက် ချန်းလုံ(Qianlong) ဧကရာဇ်လက်ထက်မှာ စတင်စုဆောင်းခဲ့ခြင်း ဖြစ်သည်။ စာအုပ်များမှာ ဒဿန၊ သမိုင်း၊ ဂန္ထဝင် နှင့် ရသ စာပေ အမျိုးအစားတွေ ဖြစ်ပြီး စာအုပ်စင်ပေါင်း ၁၂၈ စင်ပေါ်မှာ ထိန်းသိမ်းထားရှိပါသည်။ အမျိုးမျိုးသော တရုတ်အတွေးအခေါ်ဆိုင်ရာ ကျောင်းများမှ ထင်ရှားသောစာအုပ်များ ပါဝင်ပါသည်။ ယခုလို စာအုပ် စုဆောင်းထားရှိမှုသည် တရုတ်နိုင်ငံအတွင်း အကြီးဆုံးတစ်ခုဖြစ်ပါသည်။ စုဆောင်းထားရှိသော စာအုပ်များ စုံလင်လှသဖြင့် လေးမျိုးသောစာပေအတွက် ပြီးပြည့်စုံသော စာကြည့်တိုက် (Siku Quanshu) ဟုအမည်ပေးထားပါသည်။

စာအုပ်များတွင်ပါဝင်သော စာလုံးရေများကို ရေတွက်ကြည့်လျှင် စုစုပေါင်း သန်း၈၀၀ ကျော်ရှိပါသည်။ ယခု စာအုပ်များကို ဓာတ်ပုံရိုက်ပြီး ဒီဂျစ်တယ်နည်းနှင့် သိမ်းဆည်းဖို့အတွက်ပင် လူအယောက် ၃၀ က အချိန် ၃ နှစ်ကျော်ယူပြီး ဆောင်ရွက်ရမှာ ဖြစ်သည်။ စာအုပ်များကို မူပွားပြုလုပ်ရာတွင် စာအုပ် တစ်အုပ်ချင်းစီအလိုက် ဆန်စက္ကူပေါ်တွင် လက်ရေးမူဖြင့် ပြန်ရေးရုံသာမက စာမျက်နှာ ဒီဇိုင်းဖွဲ့ခြင်း နှင့် စာအုပ်ချုပ်ခြင်းတို့ကိုပါ လက်ဖြင့်ပြုလုပ်ခြင်း ဖြစ်သည်။

မူပွားပြုလုပ်နေသူများ အနေဖြင့် ၂၀၂၄ ခုနှစ်တွင် လက်ရာအမြောက်ဆုံး မူပွား ၃၆ ခုအထိ ထုတ်လုပ်နိုင်ရန် မျှော်လင့်ထားကြောင်း သိရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.