Connect with us

Videos

ရေခဲခွဲဖြတ်ပြိုင်ပွဲ

အော်စလို၊ မတ် ၁၀ ရက်(ဆင်ဟွာ)

လွန်ခဲ့သည့် နှစ်ပေါင်း ၁ဝဝ ကျော်ခန့်ကတည်းက နော်ဝေနိုင်ငံတောင်ပိုင်းတွင် မြစ်ချောင်းများနှင့်ရေကန်မျက်နှာပြင်များမှ ရေခဲများစုဆောင်းခြင်း လုပ်ငန်းသည်လွန်စွာတွင်ကျယ်ခဲ့သည်။ အဆိုပါ ရေခဲတုံးပေါင်း မြောက်များစွာကိုအခြားနိုင်ငံများသို့တင်ပို့ခဲ့ကြသည်။ယနေ့ခေတ်တွင် နည်းပညာဖြင့် ရေခဲများထုတ်လုပ်မှု တွင်ကျယ်လာသည့်အတွက် သဘာဝရေခဲတုံးများစုဆောင်းတင်ပို့သည့် ဓလေ့မှာလွန်စွာရှားပါးလာသည်။ သို့ရာတွင် ရေခဲများစုဆောင်းခြင်းဓလေ့ကို အမှတ်ရသောအားဖြင့် ရေခဲခွဲဖြတ်ခြင်းပြိုင်ပွဲကို နော်ဝေနိုင်ငံ အော်စလိုမြို့ အနောက်တောင်ပိုင်း Asker ရှိ ရေခဲကန်တွင် မတ်လ ၅ရက်က ကျင်းပခဲ့သည်။ပြိုင်ပွဲတွင် အသင်း ၆သင်းပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အသင်းတစ်သင်းတွင် ပုဆိန်တစ်လက်၊ လက်ကိုင်လွှ ၂ လက် နှင့် ရေခဲခွဲကိရိယာ၂ခု စီ ယူဆောင်လာခွင့်ပြုသည်။ပြိုင်ပွဲဝင်များတွင် ရေခဲတုံးကြီး ၁၂တုံးကို တတ်နိုင်သမျှခွဲဖြတ်ပေးရန်ဖြစ်သည်။ ပြိုင်ပွဲတွင်အတွေ့အကြုံ အများဆုံး နှင့် သက်တမ်းအရှည်ဆုံး အဖွဲ့က အနိုင်ရဗိုလ်စွဲခဲ့သည်။ရေခဲခွဲဖြတ်ခြင်းပြိုင်ပွဲပြီးနောက် ပြိုင်ပွဲဝင်များဖြတ်တောက်အသုံးပြုခဲ့သည့်ရေခဲတုံးများကို အချို့က အပေါက်ဖောက်တမ်းကစားကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.