Connect with us

Videos

ရှောင်လင်ကျောင်းမှ ဆန်ပြုတ်ပွဲတော်

ကျန်းကျိုး ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

လာဘ(Laba)အမည်ရှိ ရိုးရာဆန်ပြုတ်ပွဲတော် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ ရှောင်လင် ဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးများကဟီနန်စီရင်စု(Henan)ရှိမြို့ကြီး၂မြို့မှာဆန်ပြုတ်များဝေငှလှူဒါန်းခဲ့သည်။

နှစ်စဉ်တရုတ်ပြက္ခဒိန်နှစ်၏၁၂လပိုင်း ၈ရက်နေ့ရောက်လျင် ရိုးရာယာဂုဆန်ပြုတ်ပွဲတော်ကို နိုင်ငံတစ်ဝန်း ကျင်းပလေ့ရှိသည်။ယာဂုဆန်ပြုတ်သောက်သုံးခြင်းဖြင့်လာမည့်နှစ်သစ်မှာကံကောင်းခြင်းတွေယူဆောင်လာနိုင်မည်ဟု ယုံကြည်ကြသည်။

ရှောင်လင်ဘုန်းတော်ကြီးကျောင်းကယခုကဲ့သို့ဆန်ပြုတ်လှူဒါန်းမှု အစဉ်အလာကို ၂၀၀၈ခုနှစ်က စတင်ဆောင်ရွက်ခဲ့သည်။တရုတ်တိုင်းရင်းဆေးများထည့်သွင်းထားပြီး ဆန်၊ သစ်သီးခြောက်၊ အခွံမာသီး တို့နှင့် ရှောင်လင်ကျောင်း၏ သီးသန့်နည်းဖြင့် ချက်ပြုတ်ထားသည့် ဆန်ပြုတ်ကို နှစ်ခြိုက်သော ကြောင့်ဒေသခံများသာမက အနယ်နယ်အရပ်ရပ်မှခရီးသွားများကပါလာရောက်တန်းစီရယူကြရသည်။

လာရောက်တန်းစီသူများပြားသောကြောင့် မြို့ကြီး၂မြို့၌ နေရာပေါင်း၂၀ ခွဲပြီး လှူဒါန်းဝေငှခဲ့ရသည်။ယခုနှစ်မှာတော့ ခန့်မှန်းခြေ ဆန်ပြုတ်ပွဲပေါင်း ၂သိန်းကျော် လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.