Connect with us

Videos

၂ဝ၁၆ ခုနှစ်အတွက် တရုတ်သမ္မတရှီကျင့်ဖိန်၏ မှတ်သားစရာ အဆိုအမိန့်၁ဝ ခု

ပေကျင်း ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

( ၁ ) အကြမ်းဖက်တိုက်ဝါဒ တိုက်ဖျက်ရေးမှာ စံနှုန်း နှစ်ခု မရှိသင့်ပါဘူး။ ( ဇန်နဝါရီလ ၂၁ ရက် )

( ၂) ကိုးရီးယားကျွန်းဆွယ်မှာ နျူးကလီးယားဗုံး ထုတ်ခွင့်မရှိသလို စစ်မက်ဖြစ်ပွားခြင်း(သို့မဟုတ်) မငြိမ်သက်မှုဖြစ်ပွားခြင်း မဖြစ်စေရပါဘူး။(ဖေဖော်ဝါရီလ ၅ ရက် )

( ၃ ) ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဟာ ကျွနု်ပ်တို့ရဲ့ စက္ခုပသာဒကို ထိန်းသိမ်းခြင်းပါပဲ။(မတ်လ ၁ဝ ရက်)

( ၄ ) တရုတ်ပြည်သူတွေဟာ ပြဿနာတွေကို မဖန်တီးပါဘူး။ဒါပေမယ့် ပြဿနာထဲရောက်သွားရင်တော့ ကျွနု်ပ်တို့ဟာ သွေးကြောင်နေမှာမဟုတ်ပါဘူး။( ဇူလိုင်လ ၁ ရက်)

(၅) အကျင့်ပျက်ဝန်ထမ်းတွေအတွက် ပုန်းစရာ မြေမရှိပါဘူး။(ဇူလိုင်လ ၁ ရက်)

( ၆ ) ကိုယ်ကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးမူဝါဒဟာ ရေဆာနေသူတစ်ယောက်အတွက် အဆိပ်ရေသာက်ပြီး ရေငတ်ပြေအောင်လုပ်သလို ပါပဲ။(စက်တင်ဘာလ ၄ ရက် )

( ၇ ) တရုတ်-ဂျပန် နှစ်နိုင်ငံဆက်ဆံရေး အတွက် နှစ်ဖက်အစိုးရအနေနဲ့အတိတ်သမိုင်းအကြောင်းအရာကို မှန်မှန်ကန်ကန် ပြူမူပြောဆိုသင့်ပါတယ်။ ပြဿနာအသစ်တွေ ထပ်ပြီး ပေါ်ထွက်လာခြင်းမရှိအောင် ကြိုတင် ကာကွယ်သင့်ပါတယ်။( စက်တင်ဘာလ ၅ ရက်)

( ၈ ) တရုတ် -အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးမှာ ပူးပေါင်းဆောင်ရွက်မှုကသာလျှင် နှစ်နိုင်ငံစလုံးအတွက် တိကျမှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပါလိမ့်မယ်။ ( နိုဝင်ဘာ ၁၄ ရက် )

( ၉ ) တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြယုဂ် ဖြစ်တဲ့ အဝေးပြေးရထားကြီးကို ဂုဏ်ပြု ကြိုဆိုရမှာပါ။( နိုဝင်ဘာလ ၂၁ ရက် )

( ၁ဝ ) ၂ဝ၁၇ ခုနှစ်မှာ ပိုမို ကြိုးစားအားထုတ်မှုတွေ ပြုလုပ်ကြဖို့ ကြိုတင်ပြင်ဆင်ကြပါစို့။( ဒီဇင်ဘာလ ၃၁ ရက် ) (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.