Connect with us

Videos

(B&R Forum)နိုင်ငံတကာမှအာရုံထားနေသည့် ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့တော် ပေကျင်းမြို့၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် အစပျိုးဖော်ဆောင်မှု ထိပ်သီးအစည်းအဝေးကို မေလ ၁၄ ရက်မှ ၁၅ ရက်ထိကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါဖိုရမ်က ခေတ်သစ်ပိုးလမ်းမကြီးနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့အာရုံစူးစိုက်မှုကိုအမြင့်မားဆုံးလည်းရရှိခဲ့ပါတယ်။ ခေတ်သစ်ပိုးလမ်းမကြီး က အာဖရိက၊အာရှနှင့်ဥရောပတို့ကို ဆက်သွယ်လျက်ကုန်သွယ်ရေးနှင့်အခြေခံအဆောက်အအုံကွန်ရက်များ တည်ဆောက်ရန်ရည်ရွယ်ပါတယ်။ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် အစပျိုးဖော်ဆောင်မှု ထိပ်သီးအစည်းအဝေးကို နိုင်ငံပေါင်း ၁၃၀ မှ ကိုယ်စားလှယ်များ၊နိုင်ငံတကာအဖွဲ့အစည်း ၇၀ ကျော်မှ ကိုယ်စားလှယ်များတက်ရောက်ကြမှာဖြစ်ပြီး စားပွဲဝိုင်းထိပ်သီးဆွေးနွေးပွဲမှာ အုပ်စုခြောက်စုဖွဲ့ပြီးဆွေးနွေးသွားကြမှာပါ။

ခတ်သစ်ပိုးလမ်းမကြီးဖိုရမ်၌ ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်း၏ရည်မှန်းချက်များ၊အခြေခံမူများကိုပြန်လည်သုံးသပ်ခြင်း၊ အဓီကပူးပေါင်းဆောင်ရွက်မည့်စီမံကိန်းများသတ်မှတ်ခြင်း၊ လုပ်ငန်းစီမံချက်များ၊ပူးပေါင်းစာချုပ်များ လက်မှတ်ရေးထိုးခြင်းတို့ကိုလည်းပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.