Connect with us

Videos

တရုတ်နိုင်ငံရဲ့ ခေတ်သစ် ပိုးလမ်းမကြီး မဟာဗျူဟာ စီမံကိန်းကြောင့် အိမ်နီးချင်း နိုင်ငံတွေပါ ဖွံ့ဖြိုး တိုးတက်နိုင်ဟုအမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ပြော

ပိုးလမ်းမကြီး မဟာဗျူဟာ စီမံကိန်း အစပြုမှုဟာ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရုံသာမက အိမ်နီးချင်း နိုင်ငံတွေကိုလည်း တပြေးညီ ဖွံ့ဖြိုး တိုးတက်စေပြီး အစိုးရ၊ နိုင်ငံရေး ပါတီတွေရဲ့ ကူညီ ပံ့ပိုးမှုနဲ့ မြန်မာ- တရုတ် နှစ်နိုင်ငံကြား နိုင်ငံသား အချင်းချင်း ချစ်ကြည် ရင်းနှီးမှုကို တိုးမြှင့် ဆောင်ရွက်ဖို့ နှင့် မြန်မာ အစိုးရနဲ့ တရုတ် အစိုးရ ညှိနှိုင်းပြီး ရခိုင်ဒေသ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက်ရော၊ ပြည်ထောင်စု တစ်ခုလုံး အတွက်ရော အကျိုးရှိအောင်လုပ်ရင် ပြည်သူက ထောက်ခံဖို့ အဆင်သင့်ရှိတယ်လို့ ရခိုင် အမျိုးသား ပါတီရဲ့ ဥက္ကဌလည်းဖြစ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာ အေးမောင်က ပြောဆိုလိုက်ပါတယ်။