Connect with us

Videos

Ford မော်တော်ကား ၁.၃၄ သန်းကိုကုမ္ပဏီကပြန်သိမ်းမည်

ဝါရှင်တန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) Ford မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီက ၎င်းတို့ ထုတ်လုပ်ထားသောကား ၁.၃၄ သန်းကို မြောက်အမေရိကတွင် ပြန်သိမ်းမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့ကကြေညာခဲ့သည်။ ၂ဝ၁၅ ခုနှစ် မှ ၂ဝ၁၇ ခုနှစ်ထုတ် F 150 ၊ Ford Super Duty ထရပ်ကားများ၏ တံခါးများတွင် ထပ်မံဖြည့်စွက်တပ်ဆင်မည့်အပိုင်းများရှိသောကြောင့် ထိုသို့ပြန်လည်သိမ်းယူခြင်းဖြစ်ကြောင်းသိရသည်။ ထိုသို့တံခါးကိစ္စကြောင့် ဖြစ်ပွားသည့်မတော်တဆမှု မရှိသေးသော်လည်း ပြင်ဆင်လဲလှယ်ခြင်းမပြုလုပ်ပါက တံခါးအဖွင့်အပိတ်တွင် အသုံးပြုသူများအဆင်မပြေဖြစ်လာနိုင်သောကြောင့် ပြန်လည်သိမ်းယူခြင်းဖြစ်ကြောင်း ကုမ္ပဏီကသတင်းထုတ်ပြန်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.