Connect with us

Videos

ဆီးဂိမ်းအတွက် လေ့ကျင့်မည့် မြန်မာအားကစားအဖွဲ့ (ဒုတိယ အသုတ်) တရုတ်သို့ ထွက်ခွာ

ရန်ကုန် ၊ နိုဝင်ဘာ ၁၈ (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှု(Joint Training)ပြုလုပ်ရန် မြန်မာအားကစားအဖွဲ့ (ဒုတိယအသုတ်)သည် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့သည်။ မြန်မာ-တရုတ် နှစ်နိုင်ငံအားကစားပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟူနန်ပြည်နယ် ချန်ဆားမြို့၌ ပူးတွဲလေ့ကျင့်မှုပြုလုပ်ရန် ဒုတိယအသုတ်အနေဖြင့် မြန်မာဝူရှူးအားကစားများ သွားရောက်လေ့ကျင့်ကြမည် ဖြစ်သည်။ (Xinhua)