Connect with us

Videos

မော်ရိုကိုနိုင်ငံက ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၂,၀၀၀ ကျော်အထိ မြင့်တက်လာသဖြင့် ငလျင်ဒဏ် သင့်သူများအတွက် ဝမ်းနည်းပူဆွေးကြောင်း ဖော်ပြ

ရာဘတ် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

မော်ရိုကိုနိုင်ငံက အကြီးအကျယ်ထိခိုက်ပျက်စီးစေခဲ့သည့် မြေငလျင်ကြောင့် လူပေါင်း ၂,၀၁၂ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၂,၀၅၉ ဦး ရှိလာခဲ့ပြီးနောက် သုံးရက်ကြာ ဝမ်းနည်းပူဆွေးခြင်းရက်များအဖြစ် စက်တင်ဘာ ၉ ရက်တွင် သတ်မှတ် ကြေညာခဲ့ကြောင်း သိရသည်။မော်ရိုကိုနိုင်ငံ၌ စက်တင်ဘာ ၈ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၁ မိနစ်(ဂရင်းနစ်စံတော်ချိန် ၂၂၁၁)တွင် မြေအောက်အနက် ၁၈.၅ ကီလိုမီတာ ဗဟိုပြု၍ အင်အား ၆.၈ အဆင့်ရှိသော မြေငလျင် လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက ထုတ်ပြန်ခဲ့သည်။ ငလျင်ဗဟိုချက်သည် Marrakesh မြို့၏ အနောက်တောင်ဘက် ၇၀ ကီလိုမီတာခန့်အကွာရှိ Al Haouz ပြည်နယ် Ighil မြို့အနီးတွင် ဖြစ်ပြီး နိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံးမြို့နှင့် နာမည်ကျော်ခရီးသွားနေရာ ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————-

Morocco mourns quake victims as death toll climbs to over 2,000
Morocco on Saturday declared three days of national mourning after a devastating earthquake killed 2,012 people and injured 2,059 in the country.
The 6.8-magnitude earthquake hit Morocco Friday at 11:11 p.m. local time (2211 GMT) at a depth of 18.5 km, according to the United States Geological Survey. The epicenter of the earthquake was near the town of Ighil in Al Haouz Province, some 70 km southwest of Marrakesh, the fourth-largest city in the country and a popular tourist destination.
Xinhua News Agency correspondents reporting from Rabat.(XHTV)